"သတင်းစာကနေ အတိအလင်း တောင်ပန်းစာရေးမှ တရားဝင်ကွာရှငိးခွင့်ပေးမယ်" ဆိုတဲ့ မခငယ်( ကိုစိုးသူ၏ ဇနီးဟောင်း)

ကျွန်မ Vedio တွေစလုပ် တစ်လကျော်ပါပြီ။ ကျွန်မဆီကို သံရုံးကနေ ဆင့်ခေါ်စာတွေဘာတွေ ဘာမျှရောက်မလာပါဘူး။ ဒါ့ကြောင့် ကိုစိုးသူတို့ ဘက်က ဘာမှမလုပ်နိုင်ဘူးလို့ထင်ပါတယ်။ ကျွန်မသူတို့ကို ထောင်လည်းမကျစေချင်ပါဘူး။ ကျွန်မဘက်က အဆုံးသတ်ချင်တယ်လို့လည်း ပြောခဲ့ပါတယ်။ ကျွန်မ အဆုံးသတ်စေချင်တဲ့ နည်းက ဒီနည်းပါ။

ကိုစိုးသူ ပရိသတ်ကို အမှန်တိုင်းဝန်ခံပြီး တောင်းပန်စာရေးပေးပါ။ ၂၀၁၆ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကြေညာထားတဲ့ သတင်းကိုပြန်ရုပ်သိမ်းပေးပါ။ ကျွန်မကို တောင်းပန်လွှာ သတင်းစာထဲမှာ ပြန်ထည့်ပေးပါ။ အဲ့လိုထည့်ကြေညာပေးရင် ကျွန်မကိုစိုးသူကို တရားဝင်ကွာရှင်းပေးပါမယ်။ ဒါက ပထမဆုံး Option ပေါ့နော်……

ဒုတိယ Option ကတော့ ကိုစိုးသူတို့ပြောနေတဲ့အတိုင်း လွတ်လပ်သူနှစ်ဦးဆိုရင် မင်္ဂလာအခမ်းနားကို နောက်မှကြီးကြီးကျယ်ကျယ် ကျင်းပပါ။ လက်ထပ်စာချုပ်မှာ တရားဝင်လက်မှတ်ထိုးပြီး Facebook ပေါ်မှာ တင်ပေးပါ။ ကိုစိုးသူတို့ တရားဝင်လွတ်လပ်သူတွေ ဟုတ်လား မဟုတ်လားဆိုတာကို တရားရုံးက တရားသူကြီး ဆုံးဖြတ်ပါစေ………

ဒီရွေးချယ်မှု နှစ်ခုလုံးကို လက်မခံဘူး ဘာမှ မလုပ်ခဲ့ဘူးဆိုရင် မသိချင်ယောင်ဆောင်ပြီး မုန်လာဥလုပ်နေမယ်ဆိုရင် ကိုစိုးသူနဲ့ စိုးမြတ်နန္ဒာနဲ့ဟာ ၇ ရက်သားသမီးကို ဓာတ်ပုံတွေ ပြပြပြီး ၂၀၁၃ တည်းက အလိုတူအလိုပါဖော်ပြန်တာကို ဖုံးကွယ်ချင်လို့ ပရိသတ်တွေအားကိုယူပြီး ဘာသာရေးကို အကာအကွယ်ယူပြီး ကျွန်မဂုဏ်သိက္ခာကို ကျဆင်းစေပြီး Angel အနာဂတ်ကို ဖျက်ဆီးဖို့ ပီပီပြင်ပြင်ကြိုးစားသည့် လူယုတ်မာနှစ်ဦးသာ ဖြစ်ပါတယ် လို့ ကျွန်မ ဒီနေရာကနေပြောပြချင်ပါတယ်……

Source: Kha Nge Latest Video File

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။