ပုဇွန်တောင် စျေးအနီး ဘရိတ်ပေါက်ကားမှ အမျိုးသမီးတစ်ဦးအားဝင်တိုက်

ပြန်ကြားရေးFb မှ

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ် အမှတ်(၇) ရပ်ကွက် အထက် ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်စျေးရှေ့ လူကူးမျဉ်းကြား အနီး၊ တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးရဲထွန်းဇော်(ဘ) ဦးထွန်းဦး (၅၂) နှစ် မထသ (၆၂)/ 5B-3553 သည် လမ်းဖြတ် ကူးသည့် ဒေါ်ချောစုလတ်၊ အသက်(၂၅)နှစ်ခန့် KMD ဝန်ထမ်းကို ဝင်ရောက် တိုက်မိရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မထသ (၆၂) ယာဉ်မောင်းကို ပုဇွန်တောင်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

Source: Crime Case

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။