MRTV-4 က ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပန်းနုသွေးဆိုတဲ့ ဇာတ်လမ်းကနေ လူတိုင်းသတိထားမိလာတဲ့ မင်းသမီးလေးကတော့ သရုပ်ဆောင် မေမြင့်မိုရ်ပါ။ ပန်းနုသွေးဇာတ်လမ်းမှာတင် ပရိသတ်ကိုဖမ်းစားထားနိုင်ခဲ့ပြီး ခုနောက်ပိုင်း ပရိသတ်တွေအားပေးမှုရလာတဲ့ မင်းသမီးငယ်လေးဟာ သူမရဲ့အချစ်ရေးကို ယခုလို ပြောကြားခဲ့ပါတယ်။

" ထွေထွေထူးထူးတော့မရှိပါဘူး။ အချစ်နဲ့ပတ်သတ်ပြီး ပူပန်ရတာမျိုးတွေ မကြိုက်ဘူး။ ဒီအရွယ်ကျမှ ချစ်သူမရှိပါဘူးလို့လဲ မလိမ်ချင်ဘူး။ ရှိပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးနဲ့ဖြတ်သန်းနေပါတယ်။ " 

" အနုပညာလောကထဲစစရောက်ချင်းတုန်းက ချစ်ဖူးပါတယ်။ လူမသိသူမသိအချိန်တုန်းကပေါ့။ " 

" လက်ရှိချစ်သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပုံလေးပါပဲ။ မေမြင့်မိုရ်က ပွေရှုပ်တဲ့သူဆိုမကြိုက်ဘူး။ " m

Source : myanmarcuties

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။