ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ(၉)ရက်နေ့၊ ညနေ(၅)နာရီခွဲကျော်အချိန် ပိုင်ကျုံမြို့နယ်ရှိ ပေါက်လောက်တောင်ကလေးကျေးရွာ မူလွန်ကျောင်းမှ ခွေးရူးကိုက်ခံရသော ကျောင်းသား/သူများ ဆေးကုသမှုခံယူရန် ရောက်ရှိခဲ့ကြောင်း သိရပြီး ကျောင်းသား/သူများအနက် မနန်းမူကောလာ၊၁၀နှစ်၊(ဘ)ဦးစောဆူးခလိန်း၊(၂)တန်း၊ ပေါက်လောက် တောင်ကလေးကျေးရွာ၊ ပိုင်ကျံုမြို့နယ်နေသူ(၁)ဦးကို ဘားအံဆေးရုံကြီး ခလေးအဆောင်အောက်ထပ်တွင် ကုသပေးလျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(လယ်)ခန့်က ကရင်ပြည်နယ်၊ ပိုင်ကျံုမြို့နယ်၊ ပေါက်လောက်တောင်ကလေးကျေးရွာ မုူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများဖြစ်သော ခလိန်းဖောကြည်၊၁၃နှစ်၊(၃)တန်း။စောထူးဝါး၊၁၃နှစ်၊(၃)တန်း။စောကြည်ဝင်း၊၁၂နှစ်၊(၄)တန်း။ စောရဲနိုုင်ဦး၊၁၂နှစ်၊ (၃)တန်း။ စောကျော်ခဒိတ်၊၁၀နှစ်၊(၂)တန်း။ စောသိန်းထိုင်ခိ၊ ၁၂နှစ်၊ (၄)

တန်း။မောင်မြင့်အေး၊၁၂နှစ်၊(၅)တန်း။ နန်းချက်အဲ၊ ၁၃နှစ်၊(၅)တန်း၊နန်းမြင့်ထွန်း၊၁၃နှစ်၊(၅)တန်း။နန်းမူးလားအုန်း၊ ၁၃နှစ်၊(၆)တန်း။နန်းချောင်ဖော့ပစ်၊ ၁၃နှစ်၊ (၅)တန်း။ နန်းကြည်ကြည်မြင့်၊ ၁၃နှစ်၊(၅)တန်း။သိန်းဇော်မြင့်၊၁၂နှစ်၊(၆)တန်း။ မဆုံမူနောင်၊၁၃နှစ်(၄)တန်း။ဆေးကုသမှုခံယူ နန်းမူကေလာအပါအဝင် စုစုပေါင်း ကျောင်းသား(၈)ဦးနှင့်ကျောင်းသူ(၇)ဦးတို့အား ခွေးရူးအ

ကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၅)ဦးအနက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးမထိုးခဲ့သည့် မဆုံမူနောင်၊၁၃နှစ်(၄)တန်းကျောင်းသူမှာ ဇန်နဝါရီလ(၃)ရက်နေ့က ခွေးရူးပြန်ရောဂါဖြင် သေဆုံးသွားခဲ့ပြီး နန်းမူကေလာမှာ ခွေးရူးပြန်ရောဂါထပ်မံဖြစ်လာသဖြင့် ကျန်ကျောင်းသား/ကျောင်းသူများအတွက်ပါ

စိုးရိမ်ကြသဖြင့် ပေါက်လောက်တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥက္ကံ၊ မူလတန်းပြ ဆရာမ ဒေါ်သိမ့်သိမ့်မွေး၊ ဒေါ်သင်းသင်းဌေးနှင့် ကျောင်းသားမိဘများမှ ဘားအံပြည်သူ့ဆေးရုံကြီးသို့ လိုအပ်သည့် ဆေးကုသမှုများပါ ခံယူနိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ကျဆရာဝန်မှ ကျန်ကျောင်းသား(၈)ဦးနှင့်ကျောင်းသူ(၅)ဦးပေါင်း(၁၃)ဦးမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီးဖြစ်သည့်အတွက် တတိယကြိမ်ကာကွယ် ဆေးထပ်မံထိုးရန် လှိုင်းဘွဲဆေးရုံကြီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်တွင် ခွေးရူးကိုက်သည့် ကျောင်းသား/ကျောင်းသူများအနက် ခွေးရူးပြန်ကာကွယ်ဆေးမထိုးသည့်ကျောင်းသူမှာအုပ်ထိန်းသူများ၏ ကျန်းမာရေးအသိပညာနည်းပါးခြင်းကြောင့်လား၊ တာဝန်ရှိသူတွေ ပေါ့လျော့ခဲ့တာလား ဘာကြောင့်ကာကွယ်ဆေးထိုးဖို့အခွင့်အရေးမရခဲ့တာလည်းဆိုတာ ထို့နေ့က ဘားအံဆေးရုံဆေးရုံကြီးသို့ လာရောက်ကုသစဉ် မြင်တွေ့ကြားသိခဲ့ရသူများအနေဖြင့် စိတ်မကောင်းစရာထက် ရင်နာစရာ အဖြစ်အပျက်တစ်ခုလို့ပင် မှတ်ယူရမည်ထင်---

ကျန်းမာရေးအသိပညာများ တိုးပွားကြပါစေ-----

မင်းသူ (ဘားအံ)

ဘားအံသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။