သရုပ်ဆောင်လွင်မိုးမှ ဟိုတယ်ဆောက်လုပ်ရန် ကျိုက်ထိုမြို့ရှိ တောင်တက်လမ်း အနီးမှကတ္တချောင်းကွင်း ကိုဝယ်ယူခဲ့ပြီး အမျိုးမျိုးသောပြဿနာများဖြစ်ပေါ်ခဲ့သည်။အဆိုပါခြံမြေကိစ္စနှင့် ပတ်သက်၍ လွင်မိုးမှ ယခုလိုဖြေကြားပေးခဲ့သည်။

စက်တင်ဘာလ၊ ၃ဝရက်နေ့တွင် သမီး၏ကျောင်းကိစ္စအတွက် ပြည်ပသို့ ၁ဝရက်ကြာ ခရီးသွားခဲ့ရပြီး၊ ပြန်ရောက်သည့်အခါတွင် ဦးစောနေဗလုဆိုသူမှ လွင်မိုးဝယ်ယူထားသောခြံကို ခြံစည်းရိုးများခက်၍ သူဝယ်ယူထားသောခြံဖြစ်သည်ဟု ပြောဆိုသဖြင့် လွင်မိုးမှ ခြံပိုင်ရှင်ဖြစ်သူ ကိုကျော်သူရလှိုင်နှင့်ပြောဆိုဖြေရှင်းရန် ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၄ရက်နေ့တွင် PGS အဖွဲ့အစည်းတစ်ခုမှ ဦးစောနေဗလုကို နိုင်ငံအရေးကိစ္စများကြောင့် ဖမ်းဆီးခဲ့သည်။ လွင်မိုးမှ ခြံမြေပြဿနာများရှင်းလင်းပြီးဟုယူဆ၍ ထိုမြေတွင်ဟိုတယ်ဆောက်လုပ်ရန်အတွက် အင်ဂျင်နီယာများနှင့် ဒီဇိုင်းများကိုပါအပ်နှံဖြစ်ခဲ့သည်။

ယခု နှစ်သစ်တွင် ဦးစောနေဗလုမှ လွင်မိုးကို BGF နှင့် ပူးပေါင်းအမှုဆင်ပြီး သူ့ကိုဖမ်းဆီးခဲ့ပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်မည်ဟု ပြောဆိုထိပါးလာသည့်အတွက် ကျွန်တော်ကိုယ်တိုင်လည်း အသိုင်းအဝိုင်း၊ဂုဏ်သိက္ခာနှင့်နေခြင်း ဖြစ်တာကြောင့် ကျွန်တော်ဒေါသဖြစ်မိခဲ့ပါတယ်။ အရှေ့ပိုင်းတွင် မည်သည့်ကိစ္စပဲရှိခဲ့ပါစေ၊ ကျွန်တော်နှင့်မဆိုင်သည့်အတွက် ခြံပိုင်ရှင်ကိုကျော်သူရလှိုင်နှင့် ဖြေရှင်းခိုင်းခဲ့ပါတယ်။ယခုစောနေဗလုဆိုသူမှ ကျွန်တော့်ကိုတိုက်ရိုက်ပတ်သက်ပြီး ပြောဆိုစွပ်စွဲလာတာကြောင့် ကျွန်တော်အခုလိုပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ကျင့်သိက္ခာကိုပါထိပါး လာခဲ့မည်ဆိုလျှင် ကျွန်တော့်ဘက်မှလည်း ပြင်းပြင်းထန်ထန်ပြန်လည် တရားစွဲဆိုရန်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖြေကြားပေးခဲ့သည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။