ဇန်နဝါရီ ၈ ရက် နံနက် ရ နာရီဝန်းကျင်တွင် မဟာဗန္ဓုလလမ်းနှင့် လှည်းတန်းလမ်းထောင့်အနီးရှိ မြစ်ဝကျွန်းပေါ် ဒေသသွား ခရီးသည်တင်ယာဉ်လိုင်းကားဂိတ်ဘေး မဟာဗန္ဓုလကား လမ်းပေါ်တွင်ရပ်ထားသော အဝေးပြေး ခရီးသည်တင်ယာဉ် တစ်စီးကို သက်ဆိုင်ရာက အရေးယူလျက်ရှိကြောင်း သိရသည်။

အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းကားဂိတ်များအနေဖြင့် ဒဂုံ-ဧရာအဝေးပြေး ကားဂိတ်ဝင်း၊ အောင်မင်္ဂလာအဝေး ပြေးကားဂိတ်ဝင်းတို့တွင်လည်းကောင်း၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေးကားဂိတ်များသည် ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်းတွင်လည်းကောင်း တရားဝင်လုပ်ကိုင် ခွင့်ပြုထားသည်။

သို့သော်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအဝေးပြေး ဝန်ဆောင်မှုလုပ်ငန်းများကို ရန်ကုန်မြို့တွင်းမြို့လယ်များ တွင် မြင်တွေ့ရမှုများပြားနေဆဲဖြစ်သည်။ အဝေးပြေးခရီး သည်တင်ယာဉ်ကြီးများလမ်းမတော်မြို့နယ်အတွင်း ညနေနှင့် နံနက်ပိုင်းများတွင် ခရီးသည်ဝင်ရောက်တင်ချခြင်းများမြင်တွေ့ရသည်။

သခင်မြပန်းခြံဘေး အောင်ရတနာလမ်းနှင့် စက်မှုဆိပ် ကမ်းရှေ့ကမ်းနားလမ်းဘေးတို့တွင် တိုက်ကြီး-မှော်ဘီအစရှိ သည့် မြို့ ပြင်သွားခရီးသည်တင်ယာဉ် လိုင်းဂိတ်များ၊ အဝေး ပြေး ကုန်စည်ပို့ဆောင်ရေးကားဂိတ်များဖြင့် လမ်းပိတ်ဆို့နေမှု ရှိနေသည်။ ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ ပြုပြင်ပြောင်းလဲပြေးဆွဲမည့် ဖြစ်စဉ်တွင် သခင်မြ ပန်းခြံဝန်းကျင်၌ ခရီးသည်တင် မြို့ ပြင်ယာဉ်ကြီးများ၊ ကုန်စည်ပို့ဆောင်ရေး အဝေးပြေးကုန်ကားများ၊ ခေါက်တို ကုန်တင်ကုန်ချယာဉ်များကို ရှင်းလင်းပေးထား စေလိုသည်။

ယာဉ်မရပ်ရအသိပေးထားသော ကမ်းနားလမ်းဟောင်း အပါအဝင် ကွန်ကရစ်ခင်း ကမ်းနားလမ်းမသစ်တို့ပေါ်တွင် နေ့ ည အဝေးပြေးကုန်စည်ပို့ဆောင်ရေး ကားဂိတ်များ၏ လုပ်ငန်းခွင်အဖြစ် အသုံးချမှု မြင်တွေ့နေရဆဲဖြစ်သည်ဟု ကမ်းနားလမ်းဟောင်းတစ်လျှောက် နေ့စဉ်ဖြတ်သန်းသွားလာ နေသူ ကိုဦးက ပြောသည်။

မြို့လယ်ရှိဟိုတယ်များရှေ့တွင် အချိန်ကြာမြင့်စွာရပ်နား ထားတတ်သော ခေတ်မီ ပြည်ပခရီးသွားဧည့်သည်များ စီးနင်းသည့် ယာဉ်ကြီးများကိုလည်း စနစ်တကျ ရပ်ထားရန် စီစဉ် သွားရန် လိုအပ်ပေသည်။ ကြုံရာကားလမ်းဘေးရပ်ထားသည့် အလေ့အကျင့်များကြောင့် အများပြည်သူသွား ကားလမ်း များတွင် မကြာခဏယာဉ်ပိတ်ဆို့မှုများ မြင်တွေ့ရသည်။

အရေအတွက် သောင်းဂဏန်းရှိသော အငှားတက္ကစီယာဉ်များ စာရင်း ကောက်ယူခြင်းနှင့်အတူ စနစ်တကျ ရပ်နားပြေးဆွဲ မှုများ စီစဉ် ပေးမည့် ဖြစ်စဉ်ကဲ့သို့ ကားလမ်းမပေါ်ရှိ တရားမဝင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး အဝေးပြေးဝန်ဆောင်မှု လုပ်ငန်းများကိုလည်း အရေးယူပေးရန်လိုအပ်လာသည်ဟု လမ်းအသုံးပြုသူများက ပြောသည်။

ခင်ဆိုင်

MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။