ကိုးရီးယား နိုင်ငံသား တစ်ဦးက သိန်း(၅၀)ဖြင့် မိန်းမ လာတောင်းမှု ကသာမြို့နယ်အတွင်း ဖြစ်ပွား

ကသာမြို့နယ်၊မာဂရီကျေးရွာမှာ ကိုးရီးယားနိုင်ငံသား (၂)ဦးနဲ့ မြန်မာ မိန်းကလေး တစ်ဦးတို့ (၉.၁.၂၀၁၇)ရက်နေ့ မှာ ကျေးရွာသူတစ်ဦးဖြစ်တဲ့ မချောချောစု အသက်(၂၀)ကို သိန်း(၅၀)နဲ့ လာရောက် တောင်းရမ်းယူမှုဖြစ်ခဲ့ တယ်လို့ သိရပါတယ်။သတိုးသားကတော ့Cho Han Kweon အသက်(၃၁)နှစ်ဖြစ်ပြီး၊အဖော်အဖြစ်Lee Hyunh Junhနဲ့မအိအိထွေးတို့လိုက်ပါလာကြပါတယ်။

ချောချောစုဟာရန်ကုန်ကအလှပြင်ဆိုင်မှာအလုပ်လုပ်ရင်းဂျိုဟန်းဂွမ်နဲ့ကြိုက်ပြီး၂လအကြာမှာကျေးရွာကသူ့မိဘတွေဆီလာရောက်တောင်းယူမှုပြုခဲ့တာပါ။ချောချောစုရဲ့မိဘများက ကသာမြို့နယ်၊မာဂရီကျေးရွာမှဦးဘိုးဝင်းနဲ့ဒေါ်ခင်စန်းဝေတို့်ဖြစ်ပြီးမွေးချင်းရယောက်မှာ၄ယောက်မြောက်သမီးဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန၊်ဓမ္မစေတီလမ်းမှအလှပြင်ဆိုင်မှာအလုပ်လုပ်ရင်းကြိုက်ခဲ့တာလို့သိရပါတယ်။သူ့မိခင်ကသဘောမတူသော်လည်းသမီးဖြစ်သူကကြိုက်နေလို့ခွင့်ပြုရတာလို့ပြောပါတယ်။ချောချောစုဟာကိုးရီးယားနိုင်ငံသားနဲ့ကြိုက်နေပေမဲ့ကိုးရီးယားစကားမတတ်ဖူးလို့သိရပါတယ်။ဆိုင်ရှင်ဖြစ်သူအိအိထွေးကကြားကပြောပေးရတယ်လို့သိရပါတယ်။

မအိအိထွေးကတော့ဗန်းမော်မြို့သူဖြစ်ပြီးကိုးရီးယားနိုင်ငံသားနဲ့အိမ်ထောင်ပြုထားတာ၉နှစ်ကြာပြီးဓမ္မစေတီလမ်းမှာအလှပြင်ဆိုင်ဖွင့်ပြီးတစ်နှစ်အကြာမှာကိုးရီးယားပြန်မယ်လို့သိရပါတယ်။မာဂရီကျေးရွာဟာ၊ကသာမြို့နယ်ကျောက်ထုံးကြီးရဲစခန်းအပိုင်မှာရှိပြီးနိုင်ငံခြားသားများညမအိပ်ရတဲ့နေရာဖြစ်လို့ရဲစခန်းမှကသာမြို့နယ်၊လဝကသို့ပို့ဆောင်ပေးပြီးလဝကမှစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

Credit:Aye Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။