မော်လမြိုင်တွင် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး နန်းပြားသီး စားရာမှ အစေ့နင် သေဆုံးမှု့ ဖြစ်ပွားခဲ့

မိဘများသတိထားရန်

8_1_2017 ညနေပိုင်း 4_30ခန့် အချိန်တွင် မော်လမြိုင်မြို့ မြို့ရှောင်လမ်း အဝေးပြေးကားဝင်းအနီး ဓမ္မဗိမာန်အရှေ့ မြေနီကုန်းရပ်တွင်နေထိုင်သော ဦးတေဇအောင်+ဒေါ်ရွှေဇင်ညိမ်း.တို့၏သား. မောင်ဟိန်းတေဇ.. အသက်(၂)နှစ်သည် နန်းပြားသီး စားမိရာမှ အစေ့နင်ကာ အသက်ရှုလမ်းကြောင်းပိတ်၍ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ရာ အချိန်မှီ မရောက် နိုင်ခဲ့သဖြင့် အသက်သေဆုံး သွားခဲ့ရပါသည်.. မွန်ပြည်နယ် မော်လမြိုင်မြို့ ကျို က်ဖနဲ (၁၆)နယ်မြေ အခမဲ့ နာရေးကူညီမှုအသင်းသို့ လာရောက်အကူညီ တောင်းခံသဖြင့် သွားရောက်၍ လုပ်ဆောင်ပေးခဲ့ပါသည် သို့ဖြင့်ပါ၍ ယခုလို ရင်နင့်ဖွယ်ရာ အဖြစ်ဆိုးများကို မဖြစ်စေရန် မိဘများ အနေဖြင့် သားသမီးများကို သတိပြုစေလိုကြောင်း အသိပေး အပ်ပါသည်..

ကျိုက်ဖနဲ (၁၆ )နယ်မြေ အခဲ့မဲ့ နာကူအသင်းမှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါကြောင်း.ဟု facebook သုံးစွဲသူတစ်ဦးက ရေးသားထားခဲ့သည်။

Credit>>Sai Naung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။