သူငယ်ချင်းအိမ်အလည်သွားရာမှသူငယ်ချင်းညီမအားသားမယားအဖြစ်ပြုကျင့်မှုဖြစ်

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ဆားမော်ကျေးရွာ၊အောင်မင်္ဂလာရပ်ကွက်တွင်တစ်ရပ်ကွက်ထဲနေသူသူငယ်ချင်း၏အိမ်သို့အလည်သွားရာမှအိမ်တွင်တစ်ဦးတည်းရှိနေသောသူငယ်ချင်း၏ညီမအားသားမယားအဖြစ်ပြုကျင့်ခဲ့သည်၊

ဖြစ်စဉ်မှာ

ဇန္နဝါရီ(၈)ရက်၊နေ့လည်(၂)နာရီအချိန်ခန့်က

မိုးကောင်းမြို့နယ်၊ဆားမော်ကျေးရွာ၊အောင်မင်္ဂလာရပ်ကွက်နေ

ရာဇာမင်းထင်(ခ)မာဆိုင်း(၂၁)နှစ်၊(ဘ)ဦးမင်းထင်သည်အရက်သေစာသောက်စားမူးယစ်ပြီး

တစ်ရပ်ကွက်တည်းအတူနေထိုင်သောသူငယ်ချင်း၏နေအိမ်သို့အလည်သွားရာ

သူငယ်ချင်းမရှိ၍မီးဖိုချောင်တွင်ထမင်းချက်နေသောသူငယ်ချင်း၏ညီမ(......)အသက်(၁၆)နှစ်

အားရည်းစားစကားပြောဆိုပြီးလက်မခံသောအခါ

အတင်းလက်ဆွဲပြီးနေအိမ်အိပ်ခန်းအတွင်းသို့ဆွဲခေါ်ကာအလိုမတူပဲသားမယားအဖြစ်ပြုကျင့်နေစဉ်

ဆားမော်ချောင်းမှရေချိုး၍ပြန်လာသော(မ....)၏ညီမဆဌမတန်းကျောင်းသူ(၁၃)နှစ်မှတွေ့ရှိကာဆားမော်ကျေးရွာရပ်ကွက်(၄)မှအဒေါ်ဖြစ်သူကိုအကြောင်းကြားခဲ့သည်

အဒေါ်ဖြစ်သူမှအမှုဖြစ်စဉ်နှင့်ပါတ်သက်ပြီးမိုးကောင်းမြို့မရဲစခန်းသို့အကြောင်းကြားသဖြင့်

မိုးကောင်းမြို့မရဲစခန်းမှူးဒုရဲမှူးအေးကြူမှအခင်းဖြစ်ပွားရာနေရာသို့ချက်ခြင်းသွားရောက်ပြီး

စစ်ဆေးခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ဖြစ်ရပ်မြေပုံကြမ်းရေးဆွဲခြင်း၊တရားလိုအားမေးမြန်းခြင်း၊သက်သေခံပစ္စည်းများသိမ်းဆည်းပြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ရဲဆေးစာရေးပို့ခြင်းတို့ဆောင်ရွက်ခဲ့သည်။

တရားခံအားယင်းနေ့ည(၇.၃၅)နာရီအချိန်တွင်ဖမ်းဆီးမိခဲ့ပြီး

သက်သေခံပစ္စည်းများအဖြစ်

အမျိုးသမီးဝတ်ထမီ(၁)ထည်

အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီ(၁)ထည်

အမျိုးသားဝတ်ပုဆိုး(၁)ထည်

အမျိုးသားဝတ်ဘောင်းဘီ(၁)ထည်အားသိမ်းဆည်းကာ

(ပ)၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၇၆အရမိုးကောင်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Credit Thankzin Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။