ယောကျင်္ားအင်္ဂါကို ဖြတ်ပြီးသတ်ခဲ့တဲ့ တရားခံမိ

ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဗန္ဓုလလမ်း လမ်းဘေးရေမြောင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ဒဏ်ရာဒဏ်ချက်များစွာနဲ့ သေဆုံးခဲ့တဲ့ ဦးတဲလ်ခွရဲ့ အမှုနဲ့ပတ်သက်လို့ တရားခံကို ဖမ်းမိခဲ့ပါတယ်။

စစ်ဆေးမေးမြန်းချက်အရ တရားခံက သတ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်း ဒုရဲမှူး သက်နိုင်ဦးက ပြောပါတယ်။

“အဲဒီညမှာပဲ ဆိုင်ကယ်ခိုးမှုဖြစ်ခဲ့တယ်။ အမှုက ဆက်စပ်နေတယ်။ လူသေတွေ့တဲ့ ရပ်ကွက်မှာပဲ ခိုးတယ်။ ဖြစ်ချင်တော့ ဆိုင်ကယ်ခိုးလာတဲ့ သူဆီမှာလည်း သွေးစွန်းနေတဲ့ ဓားက တွေ့တယ်။ ဆိုင်ကယ်ခိုးလာတဲ့သူက အဲဒီတောင်ဇလပ်ဘက်ကနေ ဆိုင်ကယ်ခိုးပြီး မနက်မှာ ခိုးယူထားတဲ့ ဆိုင်ကယ်နဲ့ အက်စီးဒင့်ဖြစ်တာကနေ စပြီး ဖမ်းဆီးရာက အမှုဆက်စပ်တွေ့ပြီး စစ်ဆေးရာက လူသတ်တရားခံက သူဖြစ်နေတယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။”

သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သူဟာ ကလေးမြို့ မြို့လှရပ်ကွက်နေ ဘွဲ့ထောင်းလျန် ဆိုသူဖြစ်ပြီး အဆိုပါညက ဆိုင်ကယ် ၂ စီး ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

ပထမခိုးယူတဲ့ ဆိုင်ကယ်ဟာ ခိုးခဲ့ပေမယ့် စက်နှိုးမရတာကြောင့် ဗန္ဓုလလမ်းပေါ် ဆိုင်ကယ်တွန်းပြီးလာစဉ် သေဆုံးခဲ့တဲ့ ဦးတဲလ်ခွနဲ့ လမ်းမှာဆုံပြီး မေးမြန်းရာကနေ ဆိုင်ကယ်ခိုးထားတာ သိသွားပြီဆိုတဲ့ သံသယစိတ်နဲ့ သတ်ဖြတ်ခဲ့တာလို့ ဝန်ခံခဲ့ကြောင်း ကလေးမြို့မ ရဲစခန်း မှတ်တမ်းအရ သိရပါတယ်။

ဘွဲ့ထောင်းလျန်ဟာ ၅ ရက်နေ့မှာ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်ခဲ့ကြောင်း၊ အက်ဆီးဒင့်ဖြစ်တဲ့ဆိုင်ကယ်ဟာ တောင်ဇလပ်ရပ်ကွက်က တဲလ်ခွ အသတ်ခံရတဲ့ညမှာ ပျေက်ဆုံးခဲ့တဲ့ ဆိုင်ကယ်ဖြစ်နေကြောင်း၊ ဒါ့အပြင် ဆိုင်ကယ် မတော်တဆဖြစ်စဉ် ဘွဲ့ထောင်းလျန်မှာ သွေးစွန်းဓားမြောင် တွေ့ခဲ့ပြီး မှုခင်း ဆက်စပ်မှု ရှိလို့စုံးစမ်းရာကနေ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

သတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ ဘွဲ့ထောင်းလျန်ဟာ ဇန်နဝါရီ ၂ ရက်နေ့ကမှ ကလေးမြို့ မော်လိုက်ကလေး ထောင်ကနေ ဆိုင်ကယ်ခိုးမှု ပြစ်ဒဏ်နဲ့ ထောင်ကျနေရာကနေ လွတ်မြောက်လာသူ တယောက်လည်း ဖြစ်ပါတယ်။

Credit - DVB

Photo - CentralNewsMyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။