အဖမ်းခံလူတစ်ယောက်အနေနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ သူမရယ်တဲ့ပုံစံကြောင့် လူအများအပြား အံ့သြခဲ့ရပါတယ်။ Texas ပြည်နယ်မှာနေထိုင်တဲ့ Krystle Villanuevaအမည်ရအမျိုးသမီးဟာ သူမရဲ့နေအိမ်အတွင်းမှာပဲ Giovanna Larae Hernandez အမည်ရတဲ့ သမီးလေးကို ဓားနဲ့ထိုးပြီးသတ်ခဲ့ပါတယ်။

မထင်မှတ်တဲ့အဖြစ်အပျက်ကြောင့် ယောက္ခထီးဖြစ်သူဟာ သူမကိုဆွဲပြီးတားခဲ့ပေမယ့် သူ့ကိုပါ ဓားနဲ့လိုက်ထိုးလို့ အိမ်ပြင်ကိုပြေးထွက်ခဲ့ရပါတယ်။ ​ယောက္ခထီးဖြစ်သူဟာ Villanuevaတစ်ယောက် သူမရဲ့အိပ်ခန်းထဲကို ဓားတစ်ချောင်းနဲ့ဝင်သွားတာကိုတွေ့ခဲ့ပြီး မကြာခင်မှာ ငါးနှစ်အရွယ်သမီးလေးရဲ့စူးစူးဝါးဝါးအော်ဟစ်သံကိုကြားလို့ ပြေးကြည့်ခဲ့ပါတယ်။ Villanuevaရဲ့ လက်ထဲကဓားကို လုယူခဲ့ပေမယ့် Villanuevaကနေ ကျည်မပါတဲ့ သေနတ်တစ်လက်နဲ့ သူ့နောက်လိုက်ခဲ့တာကြောင့် အိမ်ပြင်ကို ပြေးထွက်ခဲ့ရပါတယ်။ ဒါကိုမြင်တဲ့အိမ်နီးချင်းတွေဟာ ရဲကိုအကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ သမီးလေးဟာ အသက်မမှီဘဲ သေဆုံးသွားပြီဖြစ်ပါတယ်။

ထူးခြားတာဟာ Villanueva ဟာ သူမရဲ့သမီးလေးကို အင်မတန်ချစ်တဲ့သူပါ။ သူမရဲ့လူမှုကွန်ယက်မှာကော မိတ်ဆွေတွေကြားမှာပါ သူမရဲ့သမီးလေးဟာ သူမရဲ့ဘသလို့ခံယူထားတဲ့အကြောင်းကြောင့် ဒီသတင်းကြားသူတွေဟာ အင်မတန်အံ့သြခဲ့ပါတယ်၊ အဖမ်းခံရစဉ်မှတ်တမ်းဓာတ်ပုံရိုက်တဲ့အခါမှာလဲ နောင်တရတဲ့ပံုမပေါ်ဘဲ ရယ်နေခဲ့ပါတယ်။ Villanuevaဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ဒါမှမဟုတ်သေဒဏ်ထိ ပြစ်ဒဏ်ခံစားရဖွယ်ရှိပါတယ်။ 

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။