ကောင်းမွန်မှန်ကန်တဲ့ လိင်ဆက်ဆံမှုဆိုတာလည်း အမျိုးသမီးများရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် မှန်ကန်တဲ့ လိင်ဆက်ဆံရေးကြောင့် ဘယ်လိုမျိုးကောင်းကျိုးတွေရရှိနိုင်မလဲဆိုတာကို ကြည့်ကြည့်ရအောင်။

၁။ ရောဂါကာကွယ်မှုစနစ်ကို တိုးတက်စေခြင်း

လိင်ဆက်ဆံခြင်းဟာရောဂါကာကွယ်မှုကို တိုးတက်စေပြီး ဖျားနာမှုကို လျော့ကျစေနိုင်ပါတယ်။ ကောင်းမွန်တဲ့ အဆုံးသတ်စနစ်အထိရောက်ရှိစေဖို့အတွက် လိင်ဆက်ဆံမှုတွေပြုလုပ်ခြင်းဟာ ရောဂါပိုးတွေ၊ဗိုင်းရပ်(စ်)တွေ၊အခြား အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို တစ်ခါ သို့မဟုတ် နှစ်ခါလောက် လိင်ဆက်ဆံမှုပြုလုပ်တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းလုံးဝမပြုလုပ်တဲ့သူတွေထက် ရောဂါကာကွယ်မှုစွမ်းရည်ပိုမိုမြှင့်တင်ပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

၂။ ဆီးသွားတဲ့ စနစ်ပိုမိုကောင်းမွန်စေခြင်း

တင်ပဆုံြွကက်သားကို ပိုမိုကောင်းမွန်စေပြီး ဆီးသွားခြင်းနှင့် ဆီးသွားစဉ် ထိန်းချုပ်စနစ်ကောင်းမွန်မှုကိုတော့ ၃၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေ ခံစားနေရပြီဖြစ်ပါတယ်။ ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်းက သင့်ရဲ့ တင်ပဆုံြွကက်သားကို အထူးသန်မာစေမှာ အသေအချာပါပဲ။ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုပြီးမြောက်ခြင်းဟာ ြွကက်သားတွေရဲ့ ဆန့်ကျုံ့ နိုင်စွမ်းကို အထူးကောင်းမွန်စေတာ အသေအချာပဲဖြစ်ပါတယ်။

၃။ သွေးဖိအားကို ကျဆင်းစေခြင်း

လိင်ဆက်ဆံခြင်းနှင့် သွေးဖိအားအကြား ဆက်သွယ်မှုကို သုတေသနပြုလေ့လာခြင်းအားဖြင့် တစ်ကိုယ်ရေ အာသာဖြေခြင်းမဟုတ်သော လိင်ဆက်ဆံရေးသည် သွေးဖိအားကို အမှန်တကယ်ကျဆင်းစေကြောင်းကို သိရှိခဲ့ရပါသည်။

၄။ လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်နေခြင်း

လိင်ဆက်ဆံခြင်းဟာ အရမ်းကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းအားဖြင့် တစ်မိနစ်လျှင် ငါးကီလိုကျဆင်းသွးပြီး ရုပ်မြင်သံကြားကြည့်ခြင်းထက် ၄ကီလို ပိုမိုကျဆင်းလျက်ရှိပါသည်။ ကြွက်သားအများစုကို အသုံးပြုရတဲ့ အတွက် နှလုံးခုန်နှုံးကိုလည်း အထူးကောင်းမွန်စေပါတယ်။ ကောင်းမွန်တဲ့ ပုံမှန်လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နေမယ်ဆိုရင်တော့ လေ့ကျင့်ခန်းအတွက် အချိန်ပေးစရာ မလိုတော့ပါဘူး။

၅။ နှလုံးရောဂါက ကာကွယ်ပေးတယ်

ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်းဟာ နှလုံးရောဂါကို ကာကွယ်ပေးတယ်။ အီစထရိုဂျင်နှင့် တက်စတိုစထရုန်းဟော်မုန်းကို မြှင့်တင်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း အထူးကောင်းမွန်စေမှာ အသေအချာပဲဖြစ်ပါတယ်။ ဒီဟော်မုန်းဓါတ်များလျော့ကျလာပါက အရိုးပွရောဂါနှင့် နှလုံးရောဂါများကို ဖြစ်ပွားနိုင်စေပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ တစ်ပတ်လျှင် နှစ်ကြိမ်လိင်ဆက်ဆံခြင်းတဲ့အမျိုးသားများအနေဖြင့် နှလုံးရောဂါဖြင့် သေဆုံးမှုများကို ထက်ဝက်ခန့်လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

၆။ အိပ်ပျော်စေတယ်

လိင်ဆက်ဆံပြီးနောက်ပိုင်းမှာ လျင်မြန်စွာ အိပ်ပျော်စေခြင်းဟာ ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ ပရိုလက်တင် ဟော်မုန်းများထွက်ရှိလာခဲ့တဲ့အတွက် ပိုမိုအနားယူနိုင်ပြီး အိပ်ပျော်ခြင်းကို အထူးအားပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

၇၊ စိတ်ဖိစီးမှုကို လျော့ချပေးစေနိုင်ပါတယ်

ကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကို ဖြေလျော့ပေးနိုင်ပါတယ်။ လိင်ဆက်ဆံစဉ် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခြင်း၊ ပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းဓါတ်များကို ထွက်ရှိစေပြီး သင့်ရဲ့ ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လင်မယားချစ်သူအချင်းချင်းဆက်ဆံရေးကိုလည်း အထူးကောင်းမွန်စေပြီး တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုပိုမိုစေကာ ပျော်ရွှင်မှုများကိုလည်း ပေးစွမ်းနိုင်စေမှာ အသေအချာပဲဖြစ်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။