မိန်းကလေးတွေရဲ့ လက်မောင်းမှာ အဆီပိုတွေမရှိဘဲ သွယ်လျလှပနေစေဖို့ လေ့ကျင့်ခန်းကောင်းလေးတွေ ဘယ်လိုလုပ်ကြမလဲ။ 

ခေါင်းပေါ်လက်မြှောက်ကွေးခြင်းလေ့ကျင့်ခန်း

အခုတစ်ခါလေ့ကျင့်ခန်းကတော့ဘောလုံး(သို့)တုတ်တစ်ချောင်းရဲ့အကူအညီကိုရယူရမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းလက်နှစ်ဖက်ကိုအပေါ်သို့မြှောက်ပြီးသင့်လက်ထဲမှာ တုတ်ချောင်း(သို့) ဘောလုံးကိုကိုင်ကာခန္ဓာကိုယ်ကိုမျဉ်းဖြောင့်အတိုင်းထားကာဘယ်ဘက်သို့ကိုယ်ကိုကိုင်းခြင်း၊ညာဘက်သို့ကိုယ်ကိုကိုင်ခြင်းပြုလုပ်ပေးပါ။ ထိုအခါသင့်လက်မောင်းသားများသာမက သင့်ခါးသားကိုပါလှပစေပါတယ်။ အကယ်၍အကူအညီမယူချင်ပါကသင့်လက်နှစ်ဖက်ကိုအပေါ်သို့မြှောက်ပြီးလက်နှစ်ခုယှက်ကိုင်ကာအထက်မှာဖော်ပြပါပုံစံအတိုင်းပြုလုပ်ပေးရမှာပါ။ ဒီအဆင့်အတိုင်းတစ်ဖက်ကို ၂၅ကြိမ်ခန့်ပြုလုပ်ပေးပါ။

လက်နောက်ပစ် လေ့ကျင့်ခန့်

ဒီလေ့ကျင့်ခန်းရဲ့ပုံစံကတော့သင့်လက်မောင်းကိုနောက်သို့ ပစ်ထားပြီး ပုံမှာပြထားတဲ့အတိုင်းလက်ဖဝါးနှစ်ဖက်ကို ကြမ်းပြင်နဲ့ကပ်ထားပေးပါ။ ပြီးရင်တော့သင့်ခြေထောက်နှစ်ဖက်ကိုစုပြီး ဒူးခေါင်းထောင်ထားပေးပါ။ ထို့နောက်သင်နောက်ကိုပြစ်ထားတဲ့လက်နှစ်ဖက်ကိုအဆုံးစွန်ထိဆန့်တန်းလိုက်ပါ။ ထိုအခါသင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလေပေါ်သို့မြောက်တတ်သွားပြီးသင့်တစ်ကိုယ်လုံးမှ အားတွေကလက်သို့ သွားရောက်စုနေမှာဖြစ်ပါတယ်။ ပြီးရင်တော့သက်ထောက်ထားတဲ့လက်ကိုဖြေးညှင်းစွာပြန်ကွေးပြီးသင့်ခန္ဓာကိုယ်ကိုကြမ်းပြင်နဲ့ထိကပ်သည်အထိပြန်ချလိုက်ပါ။ လေ့ကျင့်ခန်းအစအဆုံက လက်ကိုသာအဓိကအသုံးပြုရတာကြောင့်သင့်လက်လှပဖို့ကတော့အထိရောက်ဆုံးပါပဲ။

အဆင့်လိုက်ဒိုက်ထိုးလေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကတော့အရမ်းကိုအဆင့်များလွန်းပါတယ်။ ဒါပေမယ့် တကယ့်ကိုထိရောက်မယ့်လေ့ကျင့်ခန်းလေးပါ။ သင့်လက်မောင်းသားလှပရုံသာမကဘဲ သင့်ခန္ဓာကိုယ်အချိုးအစားကိုပါပြောင်းလဲသွားစေနိုင်ပါတယ်။ ပထမဦးဆုံးအဆင့်အနေနဲ့ ာကမ်းပြင်ပေါ်မှာရပ်ပြီးသင့်လက်နှစ်ဖက်ကိုမြှောက်ထားပါ။ သင့်ပုံစံက မျဉ်းဖြောင့်အတိုင်းဖြစ်နေပါစေ။ ပြီးရင်တော့သင်အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ ထို့နောက်ခန္ဓာကိုယ်ကို ကုန်းလိုက်ပြီးလက်ကိုကြမ်းပြင်နဲ့ထိသည်အထိကုန်းပါ။ ပြီးရင်တော့လေကို ရှုထုတ်ပေးလိုက်ပါ။နောက်တဆင့်အနေနဲ့ဝမ်းလျားမှောက်အနေအထားကိုပြောင်းကာဒိုက်ထိုးခြင်းကိုပြုလုပ်ပေးပါ။ ပြီးနောက် အထက်မှာပြုလုပ်ခဲ့သည့်အတိုင်းကြမ်းပြင်ကိုလက်နှင့်ထိကာကုန်းသည့်အနေအထားသို့ပြန်သွားပါ။ နောက်ဆုံးအဆင့်အနေနဲ့ကြမ်းပြင်ကိုထိထားသောလက်ကိုပြန်ရုတ်သိမ်းပြီးခါးကုန်းနေသည့်အနေအထားနဲ့ပင် အသက်ကိုရှုထုတ်ကာပုံတွင်ပြထားသည့်အတိုင်းသက်တောင့်သက်သာအနေအထားကိုပြောင်းရွှေ့ပါ။ ဒီအဆင့်အတိုင်းကို သင်လုပ်နိုင်တဲ့အခေါက်အရေအတွက်အထိသင်ပြုလုပ်ပေးပါ။

ဒူးထောက်ဒိုက်ထိုးနည်း

ဒီလေ့ကျင့်ခန်းက သင့်လက်မောင်းသေးသွယ်လှပဖို့ အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။လေ့ကျင့်ဖို့အတွက်ကတော့သင့်ဒူးဆစ်တွေကို ကောင်းကောင်းအသုံးချရပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကဒိုက်ထိုးသလိုပါပဲ။ကွာခြားသွားတာကတော့ ဒူးဆစ်ကိုကြမ်းပြင်မှာထောက်ပြီး ဒိုက်ထိုးတဲ့ပုံးစံအတိုင်းလက်ဖဝါးနှစ်ဖက်ကို ကြမ်းပြင်မှာထောက်ကာ ခန္ဓာကိုယ်ကို ြွကတတ်လိုက်၊ ကြမ်းပြင်နဲ့ကပ်လိုက်ပုံစံမျိုး ပြုလုပ်ရမှာပါ။ဒီလိုပြုလုပ်နေစဉ်အတွင်းမှာသင့်လက်မောင်းလှပလာတာကိုသင်ကိုယ်တိုင်သတိထားမိလာမှာပါ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။