ဆံပင်အတွက်အားဆေး

ကဲဒီနေ့က ပျိုမေတို့ အတွက် ကုန်ကျစရိတ်လည်းသက်သာ လုပ်ရတာလည်းလွယ်ကူပြီး အရမ်းလည်း အစွမ်းထက်တဲ့ ဆံပင်ပေါင်းတင်နည်းလေးကို တင်ပေးမယ်နော်။ ဝါသနာပါတဲ့ ယောင်္ကျားလေးများလည်း စမ်းကြည့်နိုင်ပါတယ်။

တခါတလေမှာ ဆံပင်အရှည်နှေးနေလို့ အားမလိုအားမရဖြစ်နေသူတွေ အတွက်လည်းအားထားရမဲ့ ဆံပင်သန်ဆေးပါ။ အရှည်မထားပေမဲ့ ဆံနွယ်လုံးသေးမျှင်ပြီး ဆံပင်အားမရှိ ပုံသွင်းလို့ မလွယ်သူလေးတွေအတွက်လဲ သုံးနိုင်တဲ့ ပေါင််းဆေးကတော့ ကြက်ဥဆေးပါပဲ။ ဒီနေ့ အတွက်တော့ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်အားဖြည့်နည်း အကြောင်းအရင်ပြောပြပေးမှာဖြစ်ပါတယ်။

တကယ်တော့ ကြက်ဥကဆံပင်အတွက် အကောင်းဆုံး conditioner လို့ဆိုနိုင်ပါတယ်။ ဆံပင်ကိုကြက်ဥနဲ့လိမ်း ဦးရေပြားကို နှိပ်နယ်ပေးရုံနဲ့တင် ဆံပင်သန်စေတာပါ။ ကြက်ဥမှာပါတဲ့ protein ကဆံပင်ကိုအားရှိစေတာပါ။

၁။ ကြက်ဥတစ်လုံးကို (အနှစ်ကော..အကာပါ)

ခွက်ထဲဖောက်ထည့်ပြီး အမြှုပ်ထအောင်ခေါက်ပါ။

၂။ ခေါင်းလျှော်ပြီးစ ရေစိုနေတဲ့ဆံသားပေါ် လောင်းထည့်လိုက်ပါ။

၃။ အရင်းကအဖျားထိ နှံ့စပ်အောင်သုတ်လိမ်းပါ။

၄။ ဦးရေဖျားကို နှိပ်နယ်ပေးပါ။

၅။ ၄၅ မိနစ်လောက်ထားပါ။

၆။ ပြီးရင်ရေအေးနဲ့ Shampoo သုံးပြီးခေါင်းပြန်လျှော်ပါ။

၇။ တစ်ပတ် တစ်ကြိမ် (သို့) သိပ်ဆိုးရင် နှစ်ကြိမ် တစ်လတိတိ လုပ်ကြည့်ပြီးရင် သိသာတဲ့ ရလဒ်ကိုရပြီလို့ဆိုပါတယ်။

တချို့မိန်းကလေးတွေက ကြက်ဥစိမ်းရဲ့ အနံ့ကိုမကြိုက်ကြပါဘူး ။ ဒါပေမဲ့ပြန်လျှော်လိုက်ရတာပဲမို့ ခဏတော့သည်းခံလိုက်ပါလို့ အကြံပေးချင်ပါတယ် ။ ကဲစမ်းကြည့်လိုက်ရအောင်နော်. .

Credit....

အိမ်မှာအလွယ်တကူအသုံးပြုနိုင်ပြီးတကယ့်ကို

ထိရောက်တဲ့ဆေးနည်းတစ်ခုဖြစ်ပါတယ်..။မည်သူ

မဆိုစိတ်ချမ်းသာစွာကူးယူမျှဝေနိုင်ပါတယ်...။

May soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။