ပရိတ်သတ်ကြီးရေ ယမန်နေ့ ဇန်နဝါရီလ ၉ရက်နေ့မှာတော့ နှုတ်ထွက်ခွင့်တောင်းထားတဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ယောက်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် မှ နှုတ်ထွက်ခွင့်ပြုလိုက်ပါပြီ။ ထိုတိုင်းဒေသကြီးဝန်ကြီးချုပ်ကတော့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီဖြစ်တယ်လို့သိရပါတယ်။ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄/ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)တို့ပါ ပြဌာန်းချက်များအရ ၎င်းဝန်ကြီးအား သဘောဆန္ဒအလျောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရှိရပါတယ်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီ အပြင် နောက်ထပ်နုတ်ထွက်သူတစ်ဥိးလဲ ရှိနေပါသေးတယ်။ ထိုသူကတော့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ဥိးဘဟိန်းဖြစ်ပါတယ်။ ၎င်းကိုလဲ ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ကပဲ နုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄ /ပုဒ်မခွဲ(က)နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဌာန်းချက်များအရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊စိုက်ပျိုးရေး၊မွေးမြူရေး ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦဘဟိန်းကို ၎င်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်တယ်လို့သိရှိရပါတယ်။ 

ယမန်နေ့ဇန်နဝါရီလ ၉ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးနှယောက်တောင်နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ အတိအလင်းဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

source - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။