ပရိတ်သတ်ကြီးရေ သီချင်းအေးအေးလေးတွေဆိုရာမှာ အရမ်းကောင်းမွန်တဲ့ ကိုသားကြီး ကိုတော့ ပရိတ်သတ်ကြီးရင်ထဲမှာ အမှတ်ရပြီးသားအဆိုတော်လေးဖြစ်မယ်လို့ထင်ပါတယ်။ သီချင်းအေးအေးလေးတွေကို သူ့ရဲ့အသံချိုချိုအေးအေးလေးနဲ့ သီဆိုလိုက်တိုင်းမှာ နားဆင်ရသူတွေကို သီချင်းထဲစည်းမြောသွားအောင် သီဆိုနိုင်သူတစ်ဦးလဲဖြစ်ပါတယ်။

ကိုသားကြီးနဲ့ ကိုရဲလေးတွဲဖက်သီဆိုထားတဲ့ ကိုယ်ရေးကိုယ်တာ သီချင်းလေးကလဲ ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့တဲ့သီချင်းလေးဖြစ်မယ်လို့လဲထင်ပါတယ်။နောက်ထပ်အနေနဲ့ ကိုသားကြီးရဲ့ ရုပ်သေးရုပ်သီချင်းလေးဟာဆိုရင်လည်း သူ့ရဲ့အသံချိုချိုလေးနဲ့ ညိမ့်ညောင်းတဲ့ သံစဉ်လေးပေါင်းစပ်ပြီး ကောင်းမွန်လှတဲ့စာသားလေးတွေနဲ့ ရေးစပ်ထားတဲ့သီချင်းလေးဖြစ်တာကြောင့် နားဆင်ရသူတိုင်းရဲ့ နှလုံးအိမ်မှာ စွဲညိစေခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းရေးစပ်ပုံ စကားလုံးအသုံးအနှုန်း သီချင်းဆိုပေါက်တွေကို ပရိတ်သတ်တွေကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။ 

ကိုသားကြီးကတော့ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်လာတာကြာမြင့်ပြီဖြစ်ပြီး အခုအချိန်မှာဆိုရင်လဲ တစ်ကိုယ်တော် အယ်ဘန်တွေ များစွာ ထွက်ရှိထားနိုင်တဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလဲ ကိုသားကြီးရဲ့များစွာထဲကမှ ဘယ်သီချင်းကို အကြိုက်ဆံးုလဲဆိုတာပြောပြခဲ့ဦးနော် ။ admin ကတော့ ကိုသားကြီးရဲ့ ပီယဆေးအယ်ဘန်ထဲမှာပါဝင်တဲ့ ထောက်ဆူးဆိုတဲ့ သီချင်းလေးကို အကြိုက်ဆုံးပဲ။ ကိုသားကြီးကိုကြိုက်တဲ့ ချစ်ပရိတ်သတ်ကြီးအတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 

source - tharr gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။