ယနေ့ဇန်နဝါရီလ ၉ ရက်နေ့ တွင် မင်္ဂလာဒုံမြို့နယ် တစ်နံပါတတ်ကားမှတ်တိုင်အနီးတွင် ကားတိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ယနေ့မနက်လေးနာရိခွဲလောက်မှာ ကားလမ်းမနံဘေးလမ်းလှေှျှာက်နေသူတစ်ဦးအား ပြည်လမ်းအတိုင်းမောင်းနှင်လာသောကားတစ်ဦးက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ ထိုဝင်တိုက်တဲ့ကားကတော့ စူပါကာစတန် ကားအမျိုးအစားဖြစ်တယ်လို့လဲသိရပါတယ်။ 

အတိုက်ခံရသူမှာအမျိူးသားဖြစ်ပြီး မှတ်ပုံတင်အမှတ် ၁၂/ မဂဒနိုင် ၁၃၄၅၁၇ ကိုကိုင်ဆောင်ထားတဲ့ ဦးအေးကျော်ဖြစ်တယ်လို့သိရပါတယ်။ ဦးအေးကျော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှာလက်ထောက်အင်ဂျင်နီယာ အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ ၎င်းရဲ့အလုပ်သမားကတ်မှတစ်ဆင့်သိရပါတယ်။ ကားတိုက်မိစဉ် ဥိးအေးကျော်မှာ ကားတွင်ချိတ်ပါသွားခဲ့ပြီး ဝင်တိုက်တဲ့ကားယာဉ်မောင်းကတော့ နံပါတ်ပြားလှံတင်ပြီး မောင်းပြေးသွားတယ်လို့ အဝေးမှမြင်တွေ့ရသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါတယ်။ 

ဦးအေးကျော်ကတော့ ကားတိုက်ခံမှုပြင်းထန်သောကြောင့် ဆေးရုံသို့ပို့နေစဉ် လမ်းမှာပဲ ဆုံးပါးသွားတယ်လို့ သိရပါတယ်။ ကျန်ရစ်နေတဲ့ ဦးအေးကျော်ရဲ့မိသားစုအတွက်တော့ တကယ်ကိုဝမ်းနည်းစရာကောင်းလှပါတယ်။ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း ထိုတစ်နံပါတ်မှတ်တိုင်အနီးမှာပဲ ကားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ ပရိတ်သတ်ကြီးလဲ အစစအရာရာ ဂရုစိုက်ကြပါလို့ ပြောကြားအပ်ပါတယ်။ 

source - ဒိန္ခ်ဥ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။