ပရိတ်ကြီးရေ လာမည့်ဇန်နဝါရီလ ၁၂ ရက်နေ့ဆိုရင်တော့ ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေရတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ဇာတ်ကားလေး ရုံတင်ကာ စတင်ပြသပြီပဲဖြစ်ပါတယ်။ထိုကားလေးကတော့ underground မှာကျင်လည်နေတဲ့ လူငယ်တေးသံရှင်တွေ အတွက်တော့ အသိပညာဗဟုသုတတွေ များစွာရရှိစေမယ့် ဇတ်ကားလေးပဲဖြစ်ပါတယ်။၎င်းဇာတ်ကားလေးကတော့ ရိုက်ကူးပြီးစီးတာ ကြာမြင့်ပြီဖြစ်ပြီး အခက်အခဲလေးတွေ ရှိနေတဲ့ အတွက် ယခုအချိန်မှ ရုံတင်ပြသနိုင်တာပဲဖြစ်ပါတယ်။ 

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ဇာတ်ကားလေးကတော့ ဒါရိုက်တာ ဂျိုးရိုက်ကူးထားပြီး လူငယ်တွေ အထူးသဖြင့် Underground မှာသီချင်းလုပ်ဖို့ အခက်အခဲတွေ များစွာ ရှိနေတဲ့လူငယ်တွေ၊ ဘဝတွေက လမ်းမပေါ်မှာ ကျင်လည်နေရတဲ့လူငယ်တွေ သူတို့ရဲ့အခက်အခဲ ၊လူအများက ဝိုင်းပီးရှုံချမှုတွေ၊ ဒါတွေကို ကြံ့ကြံံ့ခံပြီး အောင်မြင်ဖို့အတွက် အသွေးအသားတွေအကုန်ရင်းပြီး ဇွဲမလျော့တမ်းကြိုးစားနေတဲ့ လူငယ်တွေရဲ့ဘဝတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အခြေခံကြတဲ့ freestyle battle တွေ ၊ underground နဲ့ mainstream ခွဲခြားမှုကြောင့် တခါတရံစိတ်ဓာတ်ကျခဲ့ရတဲ့လူငယ်တွေရဲ့ဘဝ၊ သီချင်းတွေမိုက်ပေမယ့် လူရာမသွင်းခံရတဲ့ လူငယ်အဆိုတော်တွေရဲ့ခံစားချက်တွေကို ပရိတ်သတ်ကြီးအနေနဲ့ သဘာဝကျကျ ခံစားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ pyone production ကနေထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။

ထိုဇာတ်ကားလေးထဲမှာတော့ လူငယ်ခြေတက်အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး ကိုယုန်လေး ၊ ကိုရသ ၊ ကိုကြက်ဖ ၊ g fatt ၊ ice cold ၊ j fire ၊ ပြုံးမြသွယ် ၊ စိုးနန္ဒာကျော်နှင့် မကြာသေးမီကမှ မင်္ဂလာဆောင်သွားတဲ့ နန်းမော်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုံတင်ပြသရန်အတွက် အခက်အခဲတွေများစွာရှိနေခဲ့ပြီး လာမည့် ၁၂ ရက်ဆိုရင်တော့ ပရိတ်သတ်တွေရင်ထဲကို ဝင်ရောက်ဖို့ ရုံတင်ပြသပြီပဲဖြစ်ပါတယ်။ Myanmarload ပရိတ်သတ်ကြီးထဲမှာလည်း ထိုဇာတ်ကားလေးကိုစောင့်မျှော်နေသူများရှိနေနိုင်တဲ့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

source - ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။