ရန်ကုန်တိုင်းအတွင်းတွင် နှစ်ရက်လျှင်လူသူံးဦးကျော် နှုန်းသေဆုံးနေပြီး တစ်ရက်လျှင် လူကိုးဦးခန့် ထိခိုက်ဒဏ်ရာရ ရှိနေတယ်လို့ အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲမှ ရဲအရာရှိတစ်ဦး၏ ပြောကြားမှုမှ သိရှိရပါတယ်။ အဆိုပါ ရဲအရာရှိအနေနဲ့ ယမန်နစ် ၂၀၁၇ တွင် ယာဉ်တိုက်မှုကြောင့် လူ ၅၉၉ ဥိး သေဆုံးမှုကို ကိုးကား၍ ပြောကြားခြင်းဖြစ်တယ်လို့လဲသိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၄၈၈ ဦးနှင့် အမျိုးသမီး ၁၁၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂၃၁၆ ဦးနဲ့ အမျိုးသမီး ၉၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လဲသိရှိရပါတယ်။ 

ယာဉ်တိုက်မှုနဲ့ လူသေမှုအများဆုံးဖြစ်တဲ့နေရာတွေကတော့ အရှိန်ပြင်းမောင်းနှင်ခွင့်ရတဲ့ နေရာတွေဖြစ်တယ်လို့လဲသိရပါတယ်။ လမ်းပိတ်တဲ့နေရာတွေမှာတော့ယာဉ်တိုက်မှုတွေနည်းပါးလာတယ်လို့ သိရပါတယ်။ ၂၀၁၇ခုနှစ်အတွင်းမှာတော့ ယာဉ်တိုက်မှုနှင့်လူသေမှု ယခင်နှစ်တွေထက် အနည်းငယ်လျှော့ကျခဲ့သော်လည်း မသေသင့်ဘဲသေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုတွေ ရှိနေတယ်လိုလဲ ရဲအရာရှိတစ်ဥိးရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

ယခုလက်ရှိအချိန်မှာဆိုရင်လဲ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ သိအောင် အသိပညာပေး လုပ်ငန်းတွေများစွာ လုပ်ကိုင်နေပေမယ့် ထိရောက်မှုနည်းပါးနေတယ်လို့ မြင်ပါတယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးမှပြောကြားထားတယ်လို့လဲသိရှိရပါတယ်။ ၂၀၁၆ ခုနှစ် အတွင်းမှာတော့ ယာဉ်တိုက်မှု ၂၇၀၆ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၂၃ ဦးရှိကာ ၃၄၀၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ယာဉ်တိုက်မှု ၂၅၇၁ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၉၉ ဦးနဲ့ ဒဏ်ရာရ ရှိသူ ၃၂၆၃ ဦးရှိခဲ့တယ်လို့သိရပါတယ်။

source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။