ယနေ့ဇန်နဝါရီလ ၈က်နေ့ မနက် ၈နာရီဝန်းကျင်ခန့်တွင် ကားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်မှာ မင်္ဂလာဒုံမြိုံ့နယ် တစ်နံပါတ် ကားမှတ်တိုင်အနီးတွင် သာဓုကန်လမ်းမှ ထွက်လာသောကားနဲ့ ထောက်ကြန့်မှ မင်္ဂလာဒုံသို့ပြည်လမ်းအတိုင်းမောင်းနှင်လာတဲ့ YBS 91 နဲ့တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။ သာဓုကန်လမ်းမှထွက်လာသောကားကတော့ အိမ်စီးကား Grand Starex ဖြစ်ပြီး နံပါတ်ကတော့ 6N – 7445 ဖြစ်ပါတယ်။ 

အဆိုပါကားတိုက်မှုမှာ ခေါင်းချင်းဆိုင်တိုက်မိတာဖြစ်တယ်လို့သိရပါတယ်။၎င်းကားတိုက်မှုမှာပြင်းထန်သောကြောင့် အိမ်စီးကား မှာဦးခေါင်းပိုင်းကြေသွားပြီး YBS ကတော့ ဦးခေါင်းပိုင်း ခြိုင့်ဝင်သွားတယ်လို့သိရပါတယ်။ တိုက်မိခဲ့တဲ့ အိမ်စီးကားပေါ်မှာတော့ ယာဉ်မောင်းနှင့်လိုက်ပါ စီးနင်းသူ စုစုပေါင်း လေးဦးပါဝင်တယ်လို့ သိရပါတယ်။ ကားတိုက်မှုကြောင့် လေးဥိးလုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

YBS ပေါ်တွင် လိုက်ပါစီးနင်းလာသူများအနက် ၁၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ၁၄ဦးမှာ အမျိုးသား ၉ဦး ၊ အမျိုးသမီး ၄ဦး နှင့် ၁၀နှစ်အရွယ်ကလေးတယောက်ဖြစ်တယ်လို့သိရှိရပါတယ်။ အဆိုပါ ၁၄ဦးလုံး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရဖွယ် အခြေအနေမရှိဘူးလို့လဲသိရပါတယ်။ ဒဏ်ရာရရှိသူ များကို ပုလဲမြို့သစ်အရံမီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်လို့ လဲသိရှိရပါတယ်။ 

source - ဒိန္ခ်ဥ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။