ချစ်ပရိတ်သတ်ကြီးရေ နှတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အဆိုတော် ဘန်နီဖြိုး ကတော့ သူရဲ့ချစ်သူငယ်ချင်း G Fatt ကိုတော့စာသားလေးနဲ့ ကျီစယ်ခဲ့ပါတယ်။ အဆိုပါစာသားလေးကတော့ “အိပ်ရာနိုးလို့ မျက်နှာသစ် သွားတိုက်တိုင်း မင်းကိုပဲမြင်ယောင်မိနေတယ်... …………..G Fatt ရာ :P

*B* “ ဆိုတဲ့စာသားလေးပဲဖြစ်ပါတယ်။ အနောက်သန်တဲ့ ဘန်နီတယောက်ကတော့ ချစ်သူငယ်ချင်း G fatt ကို ရိုးရိုးလေးစနောက်ခဲ့တာပဲဖြစ်ပါတယ်။ Gfatt အနေနဲ့လည်း မှန်မှာကိုယ့်မျက်နှာချည်းပဲမလားဆိုပီး ပြန်လည်စနောက်ခဲ့ပါ။ထိုပုံစံလေးကိုကြည့်ခြင်းအားဖြင့်

သူတို့နှစ်ဦးရဲ့သူငယ်ချင်းသံယောဇဉ် ကခိုင်မာလေးနက်မှုလို့ထင်မြင်မိပါတယ်

G fatt မကြာသေးမီအချိန်တစ်ခုတွင် သူငယ်ချင်းတယောက်က သူငယ်ငယ်ကပုံတွေကို စနောက်ပြီး facebook ပေါ်တင်ခဲရာမှတစ်ဆင့် ထိုပုံုတွေက ပြန့်နှံ့ပြီး အခုလိုစနောက်စရာတွေဖြစ်လာရခြင်းဖြစ်ပါတယ်။ ထိုပုံတွေမှ သွားတိုက်နေတဲ့ ပုံလေးက လူအများအတွက်စနောက်စရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်လည်း ၎င်းပုံလေးကိုအကြောင်းပြုပြီး G Fatt ကို trool နေကြတဲ့ လူတွေအများအပြားရှိပေမယ့် G Fatt ကတော့ ထိုစနောက်မှုတွေအတွက် စိတ်ဆိုးခဲ့ခြင်းမရှိပါဘူး။

ယခုအချိန်မှာဆိုရင်တဲ့ အနုပညာအလုပ်တွေများစွာကို အတူတူတွဲပြီးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူတို့နှယောက်ရဲ့ ကောက်တေးဆိုတဲ့ သီချင်းလေးကတော့ စိတ်ကောက်တတ်တဲ့ ကောက်တေးမလေးတွေအတွက် အထူးအကြိုက်တွေ့စေခဲ့တဲ့သီချင်းလေးပဲဖြစ်ပါတယ်။ Myanmarload ပရိတ်သတ်ကြီးထဲမှာရော သူတို့နှယောက်ကို အားပေးတဲ့ပရိတ်သတ်တွေ များစွာရှိကြမယ်လို့ထင်ပါတယ်။

source - bunny phyoe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။