ယမန့်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် proboxကားနှင့် ဆိုင်ကယ်ခေါင်းချင်းဆိုင်တိုက်မိမှုဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ထိုဖြစ်ရပ်ကြောင့်ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းပွင့်၍ ပွဲချင်းပီးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါဖြစ်ရပ်ဖြစ်ပွားချိန်ကတော့ ည ၉နာရီ မိနစ်၃၀ ဝန်းကျင်ဖြစ်ပါတယ်။

တိုက်မိခဲ့တဲ့ ကားကတော့ မြဝတီမြို့နယ် မဲထော်သလေးကျေးရွာကနေ အင်ကြင်းမြိုင်ကျေးရွာသို့်မောင်းနှင်လာတဲ့ ယာဉ်မောင်ဦးဇော်လွင်မောင်းနှင်လာတဲ့ probox ကားအဖြူရောင်လို့သိရပါတယ်။တဖန်တိုက်မိတဲ့ ဆိုင်ကယ်ကတော့ အင်ကြင်းမြိုင်ကျေးရွာမှ မဲထော်သလေးကျေးရွာသို့မောင်းနှင်လာတဲ့ ဦးသန်းဝင်းမောင်းနှင်လာတဲ့ wave 110 ဆိုင်ကယ်အမျိုးအစားဖြစ်ပြီး လိုင်စင်နံပါတ်ကတော့ ၃၆ဃ - ၉၅၇၁၀ ဖြစ်ပါတယ်။အဆိုပါဆိုင်ကယ်မှာ နောက်တွဲချိတ်ဆက်ထားသော ဆိုင်ကယ်ဖြစ်ပြီး ထိုနောက်တွဲပေါ်တွင် လိုက်ပါစီးနင်းသူ ၂ ဦးပါတယ်လို့လဲသိရပါတယ်။

ဤမတော်တဆမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းပွင့်၍ ပွဲချင်းပီးသေဆုံးခဲ့ပြီး နောက်မှလိုက်ပါလာသာနှစ်ဦးအနက် တစ်ဦးမှာခြေထောပ်ကျိုးဒဏ်ရာရရှိခဲ့ပြီး ကျန်တဦးကတော့ စိုးရိမ်ရဖွယ်အခြေအနေမှာ ရှိနေတယ်လို့သိရပါတယ်။ဒဏ်ရာရရှိခဲ့သူနှစ်ဦးကိုတော့ အဖြူရောင်နာရေးကူညီမှုအသင်းမှ မြဝတီပြည်သူဆေးရုံကြီးသို့် ပို့ဆောင်ပေးခဲ့ပါတယ်။ ထို့နောက် အဆိုပါဖြစ်ရပ်တွင် မှားယွင်းသူ probox ယဉ်မောင်းကိုဇော်လွင်အား မြဝတီယာဉ်ထိန်းစခန်းမှ ရဲအုပ်ဟန်ကိုကိုဝင်းနှင့်တပ်ဖွဲ့ဝင်များ နှင့် မြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ် မင်းထက်သူတို့မှ မြဝတီမြို့မရဲစခန်းသို့် ည၉နာရီ ၄၅ မိနစ် တွင် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ် ။ 

Source - Maung Maung Nyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။