“ကျွန်တော်တို့အသင်းဟာ တန်းဆင်းတိုက်ပွဲအတွက် ရုန်းကန်နေရပါတယ်” လို့ ယာနီရေးရီက ပြောဆိုလိုက်ပါတယ်။ စနေနေ့ညက မစ်ဒယ်ဘရော့အသင်းနဲ့ ၂ဂိုး ၂ဂိုးသရေကျပြီးနောက်မှာတော့ လက်စတာအသင်းဟာ ရမှတ် ၁၃မှတ်နဲ့ တန်းဆင်းဇုန်းနားက အသင်းတွေနဲ့အတူ ၂မှတ်အကွာမှာပဲ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာအသင်းဟာ ယခုရာသီမှာ ရလဒ်တွေဆိုးဝါးပြီး ၄ပွဲဆက်နိုင်ပွဲပျောက်ဆုံးကာ ရှုံးပွဲအနေနဲ့လည်း ၆ပွဲအထိရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ယူဆောင်ပေးဖို့ကိုလည်း နည်းပြ ယာနီရေးရီက ကစားသမားတွေကို တိုက်တွန်းထားပါတယ်။

လာမဲ့အပါတ်မှာတော့ လက်စတာအသင်းဟာ ဆန်းဒါးလန်းအသင်းနဲ့အဝေးကွင်းမှာ သွားကန်ရဖို့ရှိနေပြီး အကောင်းဆုံးရလဒ်တွေရယူသွားမယ်လို့လည်း လက်စတာနည်းပြက ပြောပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။