ဒီလအစောပိုင်းက မန်စီးတီးက မက်ဆီကို စာချုပ်ချုပ်တော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့သေးပါတယ်။ အခုတော့ ပြင်သစ်ဆိုက်တခုဖြစ်တဲ့ RTL အဆိုအရ ပီအက်စ်ဂျီဟာ မက်ဆီကို အပြောင်းအရွှေ့တခုပြုလုပ်ဖို့အလားအလာရှိနေတယ်လို့ သိရပါတယ်။

မက်ဆီဟာ အခုထိတော့ ဘာစီလိုနာနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ မရှိသေးပါဘူး။ ပြင်သစ်မီဒီယာတွေကတော့ ပီအက်စ်ဂျီဒါရိုက်တာဟာ မက်ဆီအဖေနဲ့အေးဂျင့်တို့ကို အဆက်အသွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ သူတို့ လာမဲ့ ရက်သတ္တပါတ်အတွင်းမှာပဲ တိုးမြှင့်လုပ်ဆောင်သွားမယ့်သဘောလို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းရဲဲ့ အကြီးတန်းပုဂ္ဂိုလ်တွေကတော့ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝကျန်ရှိတဲ့အချိန်များကို သူ၁၃နှစ်သားကတည်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းမှာပဲ ကုန်ဆုံးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် RTLရဲ့ အဆိုအရ မက်ဆီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။