ဆီးချိုရောဂါဟာ လက်ရှိမှာ လူကြီး၊ လူငယ်မရွေးဖြစ်ပွားနေပြီး အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေမှာ ရောဂါရဲ့ အကျိုးသက်ရောက်မှုဟာ ဆိုးရွားလွန်းလှပါတယ်။ ဒီ့အတွက် သဘာဝနည်းနဲ့ ကုနိုင်တာကတော့ သရက်ရွက်ပါ။

သရက်ရွက်မှာ vitamins, enzymes, antioxidants တွေအများအပြားပါဝင်တာကြောင့် သူ့ကိုကျန်းမာရေးအတွက် ကောင်းစွာအသုံးပြုနိုင်ပါတယ်။ နည်းလမ်းကတော့ သရက်ရွက်နုနုလေး ၁ဝရွက်ကနေ ၁၅ရွက်အထိခူးပြီး ရေတစ်ဖန်ခွက်စာပမာဏနဲ့ ပြုတ်ပါ။ ပြီးရင် ထိုအတိုင်း တစ်ညတာထားပါ။ နောက်တစ်နေ့မနက်ရောက်တဲ့အခါ ဘာမှမစားရသေးခင်း ပြုတ်ထားတဲ့အရည်ကိုသောက်ပါ။ ဒီအတိုင်း နှစ်လကနေ သုံးလ ဆက်တိုက်သာလုပ်ပေးမယ်ဆို သင့်ရဲ့ ဆီးချိုရောဂါပျောက်ကင်းတဲ့အပြင် ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ နေရောင်မကျတဲ့နေရာမှာ သရက်ရွက်တွေကို အခြောက်ခံထားပါ။ ပြီးရင် ခြောက်နေတဲ့အရွက်တွေကို အမှုန့်ဖြစ်အောင်လုပ်ပြီး တစ်နေ့ကို လက်ဖက်ရည်ဇွန်းနဲ့ နှစ်ဇွန်းသောက်သုံးပေးပါ။ ကျန်းမာရေး သိသိသာသာကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။