ဒီရက်ပိုင်း ကိုယ်တိုင်ဆံသားကျွတ်လွယ် ပြတ်လွယ်တာမို့ ဆံပင်နဲ့ပက်သတ်တဲ့နည်းတွေ လိုက်လုပ်ဖြစ်တယ်။ အမှန်ဆို ငယ်ငယ်က ဆံပင်အုံထူလွန်းလို့ ဆံပင်ဆိုင် သွားတိုင်း အမြဲပါးခိုင်းရတဲ့သူတယောက်ပါ။ ဒီရက်ပိုင်းမှာတော့ ဆံပင်ကျွတ်တာ ခဏခဏဖြစ်လာတော့ နည်းနည်းလန့်လာတယ်။ ကိုယ်တိုင်ခံစားမိတော့ ကိုယ့်လိုဖြစ်နေတဲ့သူတွေအတွက် နည်းပေးချင်လာတယ်။

ဆံပင်နဲ့ပက်သတ်လို့ အကောင်းဆုံးဆိုတဲ့နည်းတွေလိုက်ရှာကြည့်တယ်။ ထောပတ်၊ ဇီးဖြူ၊ လက်ဖက်စိမ်း၊ ကြံ၊ လိမ္မော်၊ သံပုရာ၊ သံလွင်ဆီ စသည်ဖြင့် နည်းပေါင်းစုံတွေ့တယ်။ အားလုံးထဲမှာ အကောင်းဆုံးဆိုတဲ့နည်း တခုတော့ တွေ့တယ်။ အဲဒီနည်းက သိပ်မခက်ဘဲ ဆံသားက်ု ထူစေပြီး ဆံပင်ပေါက်လွယ်လို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။ ဒီနည်းမှာ ကြက်ဆူဆီက အရေးပါတယ်။ အရင်ဆုံး ကြက်ဆူဆီ ထမင်းစားဇွန်း(၂)ဇွန်းကို ယူပြီး ပျားရည်ထမင်းစားဇွန်း (၁)ဇွန်းနဲ့ရောပါ။

ပြီးရင် အထဲကို ကြက်ဥနှစ်(အဝါနှစ်)တလုံး ထည့်ပြီး သမအောင်မွှေပါ။ အဆိုပါအရောကို ဆံပင်အရင်း(ဆံသားအခြေ)က မွှေးညှင်းပေါက်တွေထဲဝင်အောင် ငါးမိနစ်ခန့် နှိပ်ပေးပါ။ ပြီးရင် တခေါင်းလုံးကို သေချာပွတ်ပြီး အပေါ်က hair cap သို့ ပလတ်စတစ်အကြည်တခုနဲ့ အုပ်ပါ။ အထက်ပါအတိုင်း လေးနာရီထားပါ။ အားလုံးပြီးရင် ရှန်ပူခပ်ပျော့ပျော့နဲ့ ထပ်လျှော်ပါ။ ဆံပင်လျှော်တဲ့အခါ လက်နဲ့အရမ်းဖိမလျှော်သင့်ဘူး၊ ရေနွေးမသုံးသင့်ဘူး။ ရေအေးသာသုံးပါ။ ဒီနည်းအတိုင်း တပတ်ကို နှစ်ကြိမ်တိတိလုပ်ပါ။ နှစ်လအတွင်း ဆံပင်ပါးတာ၊ဆံပင်ကျွတ်တာ သိသိသာသာ သက်သာပြီး သင့်ဆံပင်တွေ ထူလာလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး

၂၈.၅.၁၆

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။