မကြာခင် ပညာတော်သင်သွားတော့မယ့် ယွန်းဝတီလွင်မိုးဟာ မြန်မာနိုင်ငံက သဘာဝအလှတွေကို အလွမ်းပြေသွားရောက်ကြည့်ရှု့နေပုံ ပေါ်ပါတယ်။

တောင်ကြီးက တန်ဆောင်တိုင်ပွဲကို စိုင်းစိုင်းခမ်းလှိုင် အပါအဝင် အနုပညာရှင်တွေမြောက်များစွာသွားရောက်ခဲ့ပါတယ်။ ထိုအနုပညာရှင်တွေ ထဲမှာ ယွန်းဝတီလွင်မိုးနှင့် သူမအဖေ လွင်မိုးတို့လည်းအပါအဝင်ပါ။ ယွန်းဝတီလွင်မိုးအတွက်တော့ တောင်ကြီး တန်ဆောင်တိုင်ကို ပထမဆုံးအကြိမ်ေရာက်ဘူးတာဖြစ်ပြီး ရင်သက်ရှုမောလောက်အောင်အရမ်းကို လှပပါတယ်ဆိုပြီးပြောထားပါတယ်။

တောင်ကြီးကို လာရောက်ပြီး ညတွင်းချင်းပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။ သူမဖေဖေ၊မေမေ တို့သာပါဝင်ခဲ့ပြီး သူတို့ရဲ့ ညီမအငယ်ဆုံးလေးတော့ မပါဝင်ခဲ့ပါဘူး။ ယွန်းဝတီလွင်မိုးက မကြာခင် သြစတေးလျ သွားတော့မှာဆိုတော့လည်း မသွားဘူးတဲ့နေရာတွေ ရောက်အောင်သွားနေတာနေမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ယွန်းဝတီလွင်မိုးကတော့ ချစ်ဖို့ကောင်းနေပါတော့တယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။