ဂုဏ်ပြည့်စုံဖြိုးနဲ့ စစ်လွန်းဝတီထက်တို့ ရဲ့ Photo Shooting

စစ်လွန်းဝတီထက် ဆိုတဲ့ မင်းသမီးပေါက်စလေးကိုတော့ ပရိသတ်ကြီးနဲ့ အထူးမိတ်ဆက်ပေးဖို့ မလိုဘူးထင်ပါတယ်။ ပြက္ခဒိန် မင်းသမီလေး ကြော်ငြာမင်းသမီးပေါက်စလေး စစ်လွန်းဝတီထက်ဟာ တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ယခုအချိန်ထိ ပရိသတ်တွေရင်ထဲမှာ ရှိနေသေးတဲ့ မေမေထက်ထက်မိုးဦးနဲ့ ကိုဇူးမြက်ထက်(မော်ဒယ်လ်နှင့် သရုပ်ဆောင်) တို့ရဲ့ ချစ်စရာသမီးလေးပေါ့။ သူမအနေနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပြီး မိခင်ဖြစ်သူနဲ့အတူ ကြော်ငြာတွေ ဓာတ်ပုံတွေ ရိုက်ကူးနေပြီး အခုဆိုရင်တော့ ဒါရိုက်ညိုမင်းလွင် ရိုက်ကူူမယ့် ဒိုင်နိုဆောဇာတ်ကားမှာ အဓိကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ လည်းသိရပါတယ်။ ပရိသတ်တွေကတော့ သူ့အမေ ငယ်ငယ်တုန်းကလိုပဲ သိပ်ချစ်ဖို့ကောင်းတယ်တဲ့………………

ဂုဏ်ပြည့်စုံဖြိုး ဆိုတဲ့ ချစ်စရာသားငယ်လေးကတော့ နာမည်ကြီးမင်းသား ဖြိုးငွေစိုး ရဲ့ သားလေးဖြစ်ပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေကြောင့် ကလေးချစ်တတ်တဲ့ ပရိသတ်တွေကြား ရေပန်းစားတာပေါ့။ စစ်လွန်းလေးနဲ့ ဂုဏ်ပြည့်စုံဖြိုးတို့က သူငယ်ချင်းတွေလို့လည်း သိရပါတယ်။ သရုပ်ဆောင်ဖြိုးငွေစိုးရဲ့သားလေး နှစ်နှစ်ပြည့်မွေးနေ့တုန်းက နေမကောင်းလို့ မွေးနေ့ပွဲမလုပ်နိုင်ခဲ့ပေမယ့်လည်း စစ်လွန်းတို့သားအဖက အိမ်တိုင်ရာရောက် မွေးနေ့လက်ဆောင်နဲ့အတူ Birthday Cake သွားပြီးခွဲခဲ့ပေးသေးတာတဲ့။ အခုဆိုရင်တော့ ဂုဏ်ပြည့်စုံဖြိုးလေးနဲ့ စစ်လွန်းလေးတို့ဟာ ကြော်ငြာဓာတ်ပုံလေးတွေတောင် တွဲရိုက်လို့လာပါပြီ။

သူတို့နှစ်ယောက်ဟာ မီးပုံးလေးတွေ မီးပန်းလေးတွေ ကိုင်ထားပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သီတင်းကျွတ် တန်ဆောင်တိုင် အထိမ်းအမှတ်တစ်ခုခု အတွက် Model ဓာတ်ပုံအရိုက်ခံတာဖြစ်နိုင်ပါတယ်။ ဒီပုံထဲမှာဆိုရင် ဂုဏ်ပြည့်ဖြိုးလေးက ဖခင်ဖြစ်သူလို တည်တည်ကြည်ကြည်ပုံစံ စစ်လွန်းလေးကလည်း မိခင်လိုမျိုး လှလှပပ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ တွေ့ခဲ့ရလို့ ပရိသတ်တွေအားလုံးဆီက ချစ်စရာကောင်းလိုက်တာ ဆိုတဲ့ အသံတွေ ကြားခဲ့ရပါတယ်။

ကဲသူတို့ရဲ့ ပုံလေးတွေ ဘယ်လောက်ချစ်ဖို့ကောင်းလည်း ကြည့်ရအောင်နော်………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။