သင်သတိမထားမိတဲ့ ဒီအချက်တွေဟာ သင့်အသားအရကေို ပိုမိုပျက်စီးစေပါတယ်။

(၁) မျက်နှာကို လက်ဗလာနဲ့ ခဏခဏ ထိတာ

သင့်မျက်နှာကို ချွေးသုတ်တဲ့အခါပဲဖြစ်ဖြစ် လက်ဗလာနဲ့ မသုတ်သင့်ပါဘူး။ တစ်ရှူးဆောင်ထားပြီး အသုံးပြုသင့်ပါတယ်။ လက်ထဲမှာပါတဲ့ ဗက်တီးရီးယားနဲ့ တခြားအညစ်အကြေးတွေဟာ သင့်အသားအရေပေါ် ကပ်ကျန်ခဲ့ပြီး အသားအရေပျက်စီးစေပါတယ်။

(၂) အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ မသုံးတာ

သင့်အသားအရေဟာ သဘာဝအတိုင်းလှနေပေမယ့်လဲ ကြာရှည်မှာ ပျက်စီးသွားနိုင်တာကြောင့် အသားအရေကိုထိန်းသိမ်းတဲ့ Skin Care Productsတွေ သုံးသင့်ပါတယ်။

(၃) နေရောင်ခဏခဏထိတာ

နေရောင်ထဲမှာပါဝင်တဲ့ ရောင်ခြည်တွေဟာ ဘာမှမလိမ်းထားတဲ့ အသားအရေအတွက် အင်မတန်အန္တရာယ်များပါတယ်။ ဒါကြောင့် နေလောင်ခံခရင်ပဲဖြစ်ဖြစ်လိမ်းတာ၊ လက်ရှည်အပါးပဲဖြစ်ဖြစ်ဝတ်တာ၊ ထီးဆောင်းတာမျိုးတွေနဲ့ အသားအရေကို ကာကွယ်သင့်ပါတယ်။

(၄) မျက်နှာမသစ်ဘဲအိပ်တာ

တစ်နေကုန်ထွက်ထားတဲ့ ချွေးတွေ၊ အညစ်အကြေးတွေနဲ့ မိတ်ကပ်ပစ္စည်းတွေဟာ မျက်နှာမှာရှိတဲ့ ချွေးပေါက်လေးတွေမှာ ပိတ်ပြီး ဝက်ခြံနဲ့အခြားသော အသားအရေပျက်စီးမှုကို ဖြစ်စေပါတယ်။

(၅) အလှကုန်ပစ္စည်းတွေ အသုံးများတာ

တစ်မျိုးတည်း ရေရှည်စွဲသုံးတာမဟုတ်ဘဲ ခဏခဏ ပြောင်းသုံးတာမျိုးတွေ၊ အာနိသင်မတူတာတွေကြောင့် သင့်အသားအရေကို ပျက်စီးနိုင်ပါတယ်။

Source : vixendaily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။