အမျိုးသားဇာတ်ဆောင်ဆုအတွက် အကယ်ဒမီရေပန်းစားနေသည့် နေတိုး

မြန်မာအနုပညာလောကရဲ့ ထိပ်တန်းဝင်မင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီနေတိုးဟာ သူ့ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်အကြား အပြည့်အဝအားပေးထောက်ခံမှုရရှိထားသူဖြစ်ပါတယ်။ မြန်မာ ဗီဒီယို ဇာတ်ကားတွေမှာ ဒုတိယမင်းသားနေရာမှ စတင်ဝင်ရောက်ရိုက်ကူးခဲ့ရာမှ နောက်ပိုင်းမှာတော့ ခေါင်းဆောင်မင်းသားတစ်လက်ဖြစ်လာ အခုဆိုရင်တော့ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်လို့လာပါပြီ။ နေတိုးဟာ အကယ်ဒမီနှစ်ဆု ရရှိထားပြီး လာမည့်အကယ်ဒမီပွဲမှာလည်း အကယ်ဒမီရနိုင်ချေ ရှိနေတယ်ဆိုပြီး ခန့်မှန်းပြောဆိုသံတွေ ထွက်ပေါ်လာပါတယ်။

အကယ်ဒမီပေးပွဲကြီး နီးလာတာနဲ့အမျှ ပရိသတ်တွေကြားမှာလည်း ဘယ်သူကတော့ ဘယ်ဇာတ်ကားနဲ့ အကယ်ဒမီရမယ် ဆိုတဲ့ ပြောသံတွေကြားနေရပါတယ်။ ဒီနှစ် အမျိုးသားဇာတ်ဆောင်ဆုအတွက် တစ်ကြိုပေးခံရတဲ့ မင်းသားတွေထဲမှာတော့ နေတိုး တစ်ယောက်လည်း အပါအဝင်ပေါ့။

အုတ်ကြာမြက်ပေါက် ဇာတ်ကားဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စာရင်းဝင်ကားတစ်ကားဖြစ်ပြီး ပရိသတ်ကြားမှာလည်း အားပေးမှုအပြည့်အဝ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ နေတိုး နေမင်း ထွန်းထွန်း စိုးမြတ်သူဇာ သက်မွန်မြင့် တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကောင်တွေ အကယ်ဒမီရနိုင်တယ်ဆိုပြီး ဟော့ဖြစ်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အရင်တစ်ပတ်ကတော့ ပရိသတ်တွေက ဒီဇာတ်ကားနဲ့ ထွန်းထွန်း အမျိုးသားဇာတ်ဆောင်ဆု ရနိုင်တယ်လို့ ခန့်မှန်းပေးခဲ့ကြပါတယ်။ အခုလည်း ဒီဇာတ်ကားနဲ့ နေတိုး အကယ်ဒမီ ရနိုင်တယ်ဆိုပြီး ရေပန်းစားလို့နေပြန်ပါတယ်။

နေတိုး ဟာ ဒီဇာတ်ကားမှာ "ရွှေအုတ်" ဆိုတဲ့ အုတ်ကြားမြက်ပေါက်တစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သဏ္ဍာန်လုပ် သရုပ်တူတဲ့ သွင်ပြင်ပုံစံတွေကြောင့် အမျိုးသားဇာတ်ဆောင်ဆုအတွက် အကယ်ဒမီတစ်ကြိုပေးခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ တစ်ချို့ပရိသတ်တွေကတော့ ဒီကားမှာ ဇာတ်ဆောင် ဇာတ်ပို့ရယ်လို့ ခွဲလို့မရပါဘူးလို့ ပြောခဲ့တာတွေလည်း တွေ့ခဲ့ရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပရိသတ်ကြီးရေ။ ဘယ်သူ အကယ်ဒမီရမလဲဆိုတာကိုတော့ ရင်ခုန်စွာ စောင့်စားကြရအောင်လားဗျာ………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။