ပရိသတ်တွေရဲ့ အသည်းစွဲ သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ လူပျိုကြီးနေတိုးနဲ့ ဝတ်မှုံရွှေရည်ကို အကျီင်္ဆင်တူနဲ့တွေ့ရတဲ့အခါ ပရိသတ်အတော်များများက သို့လော သို့လော ဖြစ်သွားကြပါတယ်။

နဂိုတည်းကမှ သတင်းတွေထွက်နေတဲ့ သူတို့နှစ်ယောက်ကို အကျီင်္ဆင်တူနဲ့ တွေ့ရတဲ့အခါ သဘောတူနေတဲ့ပရိသတ်တွေက နေတိုးနဲ့ ဝတ်မှုံတွဲများ တွဲနေပြီလားလို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။

တကယ်တော့ အမှန်မဟုတ်ပါဘူး။ From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားမှ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို Junction မှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင် Promotion လုပ်တဲ့ From Bangkok to Mandalay အကျီင်္ကို ဆင်တူဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံတွေကိုတော့ ဝတ်မှုန်ရွှေရည်ရဲ့ Official Page မှာတင်ခဲ့ပြီး ပုံတွေထဲမှာ နှစ်ယောက်လုံး ချစ်ဖို့ကောင်းနေတာကို တွေ့ရမှာပါ။

Source : Wut Hmone Shwe Yee Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။