လူတွေဟာ အမေရိကားထုတ်ဆိုရင် အထင်ကြီးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအားဆေးကို နာမည်ကြီးတံဆိပ် အနေနှင့် သောက်သုံးနေကြတဲ့သူတွေ အတွက် ဒီစာကို မျှဝေပေးလိုက်ပါတယ်။ ဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေ။

#အသက်ဘေးအန္တရာယ်ကင်ဆာဖြစ်စေသောCentrumအားဆေး

#အဆိပ်ဓာတ်နှင့်ဆိုးဆေးအရောင်အတုများပါဝင်နေသောCentrumအားဆေး

အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီးတံဆိပ်

အားဆေး Centrum

အားမရှိစေတဲ့အပြင်

လူကို အန္တရာယ်တောင်ဖြစ်စေနိူင်

အမေရိကန်နိုင်ငံထုတ် Centrum , Centrum Silver အပါအဝင်၊ အမည်အသီးသီးနဲ့ ဗီတာမင်အားဆေးတွေဟာ၊ ကျန်းမာရေး အားပေးတဲ့ ဖြည့်စွက်စာ အဖြစ်ကမ္ဘာပေါ်မှာ နိုင်ငံအတော်များများသုံးစွဲ ကြပါတယ်။ အမေ ရိကန်မှာလည်း၊ အာဟာရမချို့တဲ့အောင်၊ အစားအစာထဲအပါနည်းတဲ့ဗီတာမင်တွေကို၊ အမြန်ဖြည့်တဲ့ အ နေနဲ့၊ ဗီတာမင်၊ မင်နရယ် တွင်းထွက်ပစ္စည်း၊ အသားဓါတ်စတာတွေကိုရရှိအောင်၊ အားဆေးတွေ သောက် သုံးကြတယ်။

သူတို့ဆီမှာတော့ဆေးဝါးတွေရဲ့အကျိုးအပြစ်ကိုအမြဲ ဆနိးစစ်လေ့လာနေတာ ဆိုတော့၊ အားဖြည့်ဗီတာမင်တွေကိုယ်တိုင်က၊ဘေးအန္တရာယ်ကင်းမကင်းစစ်ဆေးကြည့်တဲ့အခါ၊ သောက်သုံးသူတွေက ၊ လိုအပ်တာထက်ပမာဏပိုစားရင်၊ ကင်ဆာဖြစ်နိုင်ခြေ၊ ၅၆% အထိမြင့်မား လာစေတယ်လို့၊ တွေ့ရှိလာကြတယ်။

ဒီလိုဘေးထွက်ဆိုးကျိုးတွေကိုတော့ဆေးကုမ္ပဏီတွေက ထုတ်ဖော်ကြေငြာမှာ မဟုတ်ပါဘူး။ နှစ်စဉ်အားဆေးထုတ်လုပ်သုံးစွဲမှုက၊ အမေရိကန်မှာကိုဒေါ်လာ ၃၀ ဘီလီယံခန့် ရှိနေတာကြောင့် ဖြစ်ပါ တယ်။ ၁၉၈၀ ခုနှစ်ကတည်းက လေ့လာမှုတွေအရ၊ ဗိီတာမင်ဖြည့်စွက်အားဆေးတွေက၊ ကျန်းမာ ရေးကိုသိသာစွာ ကောင်းကျိုးမပြုပေမဲ့၊ သတ်မှတ်ထားတဲ့ ပမာဏ ထက်ပိုသောက်ခဲ့ရင်၊ အိုဗာ ပမာဏ (over dose ) ဖြစ်စေကာ၊ ဘေးထွက်ဆိုးကျိုးတွေကိုသာ၊ ရစေတယ်ဆိုပါတယ်။အစားအစာကြေးမများပဲ၊ အတော်များပြား တဲ့အာဟာရ လည်း၊ စုံလင်အောင်စားတယ်ဆိုရင်၊ဗီတာမင်က ချို့တဲ့စရာမရှိပါဘူး။ အဲဒါကိုတောင်မှ ဖြည့်စွက်အားဆေးလည်း၊ စားသုံးနေမယ်ဆိုရင်၊

မလိုအပ်ပဲ ပိုလာတဲ့ ဖြည့်စွက်အားဆေးတွေကြောင့်၊ ဆေးအတွက်လေး တာတွေပဲ၊ ဖြစ်လာစေပါတယ်။

ဥပမာ ပြောရရင်၊ ဘီတာ ကာရိုတင်းကိုမုန်လာဥနီနဲ့ အရောင်ရှိ သစ်သီးသစ်နှံ အသီးအရွက်တွေမှာ တွေ့ရတယ်။ မလိုအပ်ပဲ၊ သတ်မှတ်ထားတဲ့ ပမာဏထက်၊ ကာရိုတင်းက်ိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေက်ုိ၊ ၂၀% မြင့်တက်လာစေတာ၊ တွေ့ရတယ်။

၂၀၀၁မှ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်အမျိုးသား ၃၅၀၀၀ ကို၊ လေ့လာမှုအရ၊ ဗိီတာမင်အီး လိုတာထက်ပိုစားသုံးရင်၊ ပရိုစတိ်တ်ဆီးကြိတ်ကင်ဆာက၊ ၁၇% အထိမြင့်တက်လာစေတယ်။

ဖောလစ် အက်စစ်နဲ့ဗီတာမင်တွေက်ို၊ အူမကြီးကင်ဆာကာကွယ်ဘို့သောက်သုံးစေတဲ့အခါ ၊ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုသောက်ခဲ့ရင်၊ အဲဒီအူကင်ဆာ ဖြစ်နိုင်ခြေတောင်၊ ပိုမြင့်တက်လာစေနိုင်ပါတယ်။

ဗီတာမင်ဖြည့်စွက်ဆေးတွေကို၊ လူတွေ ဘာ့ကြောင့်သောက်ချင်နေကြတာလဲ...

၂၀၀၇ ခုနှစ်မှ၂၀၁၁ အတွင်း ၊ အမျိုးသား ကျန်းမာရေးနဲ့အာဟာရဖွံ့ဖြိုးရေးဌာနမှကြီးမှုုးပြီး

အရွယ်ရောက်ပြီးသူ၁၂၀၀၀ ကိုလေ့လာတဲ့အခါ၊ ၄၅% က ဗီတာမင်ဖြည့်စွက်ဆေးတွေဟာ

ကျန်းမာရေး ပိုကောင်းစေတယ်ထင်လို့၊ သောက်ကြတယ်ဆိုပါတယ်။ ၃၃% ကတော့ သူတို့ရဲ့ ကျန်းမာရေးကိုထိန်းထားပေးနိုင်တယ်လို့၊ ထင်ကြတယ်။ ၂၃% ကတော့၊ သူတို့ရဲ့ဆရာဝန်တွေက ညွှန်လို့၊ ဗီတာမင်အားဆေးတွေ၊ သောက်ကြတယ်ဆိုတာ၊ တွေ့ရတယ်။

အများစုက အစားအသောက်ကြေးမများပဲ အကုန်စား များများလည်း၊ စားသောက်ကြ တာဆိုတော့ ဗီတာမင်တွေက၊ လုံလောက်အောင်ရရှိနေကြတာပါ။ အဲဒါကိုဗီတာမင်အားဆေးတွေ ထပ်သောက်တော့အိုဗာ ပမာဏတွေ ဖြစ်ပြီး ဘေးထွက် ဆိုးကျိုးရစေပါတော့တယ်။ အဲဒါကြောင့်၊ အစားအသောက်စုံလင် ်အောင်စားတဲ့၊ ကျန်းမာနေတဲ့ လူငယ်လူရွယ်တွေအတွက်တော့၊ ဗီတာမင်အားဆေး ထူးပြီး သောက်နေ

စရာ မလိုပါဘူး။ အသက်ကြီးသူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း မကောင်းသူတွေနဲ့ ၊ အစားရှောင် ်သူတွေ အစားဇီဇာကြောင်သူတွေသာ၊ ဖြည့်စွက်အားဆေး၊ သောက်သင့်ပါတယ်။

သဘာဝနည်းနဲ့ ဗီတာမင်ရယူနည်း...

သဘာဝ အစားအစာကို ၊ မီနိုင်တာ ဘာမှမရှိပါဘူး။ ကိုယ်ခန္ဓာ ကလည်း သဘာဝအစားအစာဆီ က သာ၊ ဗီတာမင်တွေစုပ်ယူဘို့အဆင်ပိုပြေတာပါ။ ဗီတာမင်အားဖြည့်ဆေးတွေကိုအူက စုပ်ယူဘို့၊ကိုယ်စားတဲ့ အာဟာရက စုပ်ယူ တာလောက်၊ မလွယ်လှပါဘူး။ အဲဒီတော့၊ ဗီတာမင်အလုံအလောက် ရဘို့၊ အစားအသောက်လုံလောက်အောင်အာဟာရ ပြည့်စုံအောင်၊ ရွေးချယ်စားသောက်ဘို့

လိုအပ်ပါတယ်။ အားဆေး သောက်မဲ့အစား၊ ဗီတာမင်အပြည့်ရ အောင်စားသောက်လိုက်နာနိုင်အောင်....အောက်ပါတို့ကိုလေ့လာသင့်ပါတယ်။

ဖောလစ်အက်စစ်လုံလောက်အောင်ရဘို့၊ အစိမ်းရောင်အသီးအရွက်များများ ဥပမာ၊ ဘရိုက်ိုလီများများစားပေးသင့်ပါတယ်။

ဗီတာမင်အီးလုံလောက်ဘို့၊ ကိုယ်ခံအားတက်ဘို့၊ ကိုက်လန်နဲ့ ဗာဒံစေ့များများ စားပေးရပါမယ်

နှလုံးရောဂါနဲ့ မျက်စိကျန်းမာရေးကောင်းစေဘို့၊ ဗီတာမင်အေနဲ့ ဘီတာ ကာရိုတင်း လုံလောက် ်အောင်၊ ရရှိစေဘို့ မုန်လာဥနီ, သရက်သီး သပျက်သီး အစရှိတဲ့ အရောင်ရှိသစ်သီးတွေ၊ အရောင်ရှိ အသီးအရွက်တွေ၊ လုံလောက်အောင် စားပေး သင့်ပါတယ်။

အသား အသီးအရွက်၊ အသီးအနှံပဲနဲ့ ဥ အမျိုးမျိုး ကိုသာ နေ့စဉ် လုံလောက်အောင် စားပေးမယ်ဆိုရင်၊ ဘာဗီတာမင်ဖြည့်စွက်အားဆေးမှ၊ စားသုံးစရာ မလိုပါဘူး။

အဲလို ပြည့်စုံအောင်စားပါရဲ့နဲ့၊ ဖြည့် စွက်အားဆေးတွေ စားနေမယ်ဆိုရင်၊ အဲဒီအပိုစားသမျှဗီတာမင်တွေက၊ အိုဗာ ဖြစ်ပြီး ကင်ဆာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေသာ၊ မြင့်မားလာစေမှာဖြစ်ပါတယ်။

အဲဒါကြောင့်မိမိစားတဲ့ အစားအသောက်ပုံစံမှာ ဘာတွေလိုအပ်နေသလဲ ၊ လေ့လာပြီး လိုအပ်ချက််ကို၊ ပြုပြင်စားသောက်လိုက်ရင်၊ ဗီတာမင်ချို့တဲ့ မှုကင်းဝေးမှာ ဖြစ်ပါတယ်။ အမြန်စာတွေ အချိုရည် တွေ ၊ ကြာရှည်ခံအစားအသောက်တွေ စည်သွပ်အစားအစာတွေ စားသုံမှုအားလုံးကိုတော့၊ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ အဲလို ပြုပြင်လိုက်တာနဲ့အ တူ၊ ဗိီတာမင်လိုအပ်တဲ့ပမာဏနဲ့ အာဟာရတွေ ရရှိမှာဖြစ်တဲ့အတွက်၊ ဗီတာမင်အားဆေးတွေ လုံးဝသောက်စရာ မလိုပါဘူး။

အခုခေတ်မှာ အစားအသောက်နဲ့ နေထိုင်မှုပြောင်းလဲမှုကြောင့်၊ ကင်ဆာလိုရောဂါဆိုးတွေ အဖြစ်များနေရပါတယ်။ ဒါ့ကြောင့်၊ ကျန်းမာရေးပိုကောင်းစေလိုတဲ့အတွက်၊အပိုသောက်တဲ့ ဗီတာမင် အားဆေး တွေကြောင့် ကင်ဆာဖြစ်နိုင်ခြေ ထပ်မတိုးသင့်တော့ပါဘူး။ ဒါ့ကြောင့်အစားသာစုံအောင် စားပြီး၊ အူလမ်းကြောင်းကလည်း အာဟာရတွေ စုပ်ယူအားကောင်းတယ်၊ ဆိုရင်ဖြည့်စွက်ဗီတာမင်အားဆေးတွေ ၊ ဖြတ်ကြပါစို့လို့၊ နိုးဆော်လိုက်ပါတယ်။ အခြား မိမိပတ်ဝန်းကျင်မှာ သောက်သုံးနေတဲ့ သူတွေလည်းရှိနိုင်တဲ့ အတွက် သတိထားမိစေရန်ဒီစာကို မျှဝေပြီး share ပေးလိုက်ကြပါနော်။

family health freedom Network

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။