ဇီကာဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ

ဇီကာဗိုင်းရပ်စ်ဆိုတာက ရောဂါပိုးသယ်ဆောင်ထားတဲ့ အေးဒီးစ်ခြင်ကျား ကိုက်ခံခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ ကလေး လူကြီး ကျား မ မရွေး ဖြစ်တတ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရန်ကုန်မြို့မှာ နိုင်ငံခြားသားကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံ ဇီကာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ရတဲ့အတွက် အထူးကြပ်မတ်နေကြပြီး လေဆိပ်တွေမှာလည်း လုံခြုံရေးတင်းကျပ်ပြီး သေချာစိစစ်နေကြာတာကို သတင်းစာမျက်နှာတွေ ထက်မှာတွေ့ခဲ့ရပါတယ်။

ဇီကာဗိုင်းရပ်စ်က ဘယ်လိုကူးစက်စေနိုင်သလဲ??

ဇီကာဗိုင်းရပ်စ်ဟာ

-ရောဂါရှိသောခြင်ကိုက်ခံရခြင်းမှ လည်းကောင်း

-ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှလည်းကောင်း ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ??

ခြင်ကိုက်ခံရပြီး ခုနှစ်ရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပါပြီ။

-ဖျားခြင်း

-အရေပြားပေါ်တွင် အနီစက်များ ထွက်ခြင်း

-မျက်စိနာခြင်း

-ခေါင်းကိုက်ခြင်း

-ကြွက်သားနှင့် အဆစ်များနာခြင်း စတဲ့ ရောဂါလက္ခာတွေ ဖြစ်တတ်ပါပြီ။ ဒီလို လက္ခဏာတွေ ပြလာလျှင် နီးရာဆေးခန်းသို့သွားပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရရင် ဘာတွေဖြစ်နိုင်မလဲ??

အမျိုးသားတွေအနေနဲ့ ကူးစက်ခံရမယ်ဆိုရင်တော့ ကလေးမရနိုင်တဲ့အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဇီကာကူးစက်ခံထားရတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့ဟာ ပုံမှန်ထက်သေးငယ်သွားစေနိုင်ပြီး သုတ်လွှတ်နိုင်စွမ်းလည်း လျော့ကျသွားနိုင်တယ်ဆိုပြီး ဆေးဝါသုတေသီတွေက ဆိုပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ကူးစက်ခံရမယ်ဆိုရင်တော့ ဦးနှောက်သေးငယ်ပြီး သာမန်ကလေးတွေက ဖွံ့ဖြိုးနိုင်စွမ်း မရှိတဲ့ ကလေးမျိုး မွေးဖွားလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အများပြည်သူတွေအနေနဲ့ ခြင်ကိုက်မခံရအောင်ဂရုစိုက်သင့်သည်အပြင် ခြင်တွေအောင်းနေလို့မရအောင် သန့်သန့်ရှင်းရှင်းနေထိုင်သင့်ကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်။

Source: Health Care

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။