ရိုနယ်လ်ဒိုဟာ Balloon D'or ဆုနဲ့ ထိုက်တန်ပါတယ်လို့ ကန်နာဗာရို ပြောဆို

ရိုနယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ရီးရဲမက်ဒရစ်အသင်းနဲ့ လည်ကောင်း ယူရို ၂၀၁၆ ဖလားကို ပေါ်တူဂီအသင်းတို့နှင့်လည်ကောင်း အသီးသီးဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုရာသီမှာတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

သို့ပေမယ့်လည်း ရိုနယ်လ်ဒိုဟာ မကြာခင်မှာ ချီးမြှင့်မယ့် ရွှေဘောလုံးဆု ( Balloon D'or) ကို ဆွတ်ခူးဖို့ ထိုက်တန်ပါတယ်လို့ ရီးရဲမက်ဒရစ်နဲ့ အီတလီနောက်ခံလူူဟောင်း ကင်နာဗာရိုက ပြောသွားခဲ့ပါတယ်။

"ခရစ္စတီယာနို ရိုနယ်လ်ဒိုဟာ Balloon D'or ဆိုကို ဆွတ်ခူးနိုင်ဖို့အတွက် ထိုက်တန်ပါတယ်။ ဒါကို သံသယဖြစ်စရာ မလိုပါဘူး။ သူ ပြီးခဲ့တဲ့ပွဲအချို့မှာ ခြေစွမ်းပြခွင့်မရခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီတစ်နှစ် ၂၀၁၆ ခုနှစ်အတွင်း သူလုပ်ဆောင်ခဲ့တာတွေကိုတော့ မေ့ပစ်လို့မရပါဘူး" လို့ ကန်နာဗာရိုက ပြောဆိုခဲ့ပါတယ်။

လက်ရှိ တရုတ်စူပါလိဂ်မှာ နည်းပြအဖြစ်လုပ်ကိုင်နေတဲ့ ကင်နာဗာရိုက သူ့ဘဝရဲ့ အဖြစ်ချင်ဆုံး အိပ်မက်တစ်ခုကို ပြောပြခဲ့ပါတယ်။ ဒါကတော့ ရီးရဲမက်ဒရစ်နဲ့ အီတလီသင်းတို့ရဲ့ နည်းပြအဖြစ် လုပ်ကိုင်ချင်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Source: International Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။