အကယ်ဒမီမိုးမိုးမြင့်အောင်ဆိုတာ အမြဲတမ်းလှပနှပျိုနေတဲ့ မင်းသမီး တွေရဲ့ icon တစ်ခုပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ လှုပ်ရှားခဲ့တဲ့ ကာလတစ်လျှောက်လုံး ယခုအချိန် သူမရဲ့ အလှအပကို ထိန်းသိမ်းထားနိုင်တဲ့မင်းသမီးတစ်ဦးဆိုလဲ မမှားပါဘူး။ မိန်းကလေးတိုင်းသိသင့်တဲ့ သူမရဲ့ လျှို့ဝှက်ချက်ကတော့...

အနုပညာလောကထဲကို ငယ်ရွယ်စဉ်ကတည်းကဝင်ရောက်လာပြီး ယခုအချိန်ထိသူမရဲ့ brand ကို ထိန်းသိမ်းထားနိုင်တာ မိုးမိုးမြင့်အောင်တစ်ဦးတည်းရှိလိမ့်မယ်လို့ ထင်ပါတယ်။ တချို့ မင်းသမီးကြီးတွေဟာ ဝိတ်အတက်အကျ အဖြစ်များပြီး ပိန်လိုက်ဝလိုက်ဖြစ်နေတဲ့ အထဲမှာ မိုးမိုးမြင့်အောင်က လုံးဝမပါပါဘူး။ ဘယ်အချိန်ကြည့်ကြည့်သူမကို ဒီပုံစံ ဒီအရွယ် ဒီဆိုဒ်ပဲတွေ့ရစမြဲပါ။

သူမဟာ ဆိုရင် အစားအသောက်ကို အမြဲ ချင့်ချိန်ပြီးစားတယ်လို့ဆိုပါတယ်။ အချိုကိုတော့ လုံးဝစားလေ့မရှိဘူးလို့ပြောခဲ့ပါတယ်။ ဆေးထိုးတာတွေ ဘာတွေ ယခုနောက်ပိုင်းပေါ်နေပေမယ့်လဲ ဘေးဥပါဒ်တွေရှိလို့ သူမက အားမပေးဘူးလို့ဆိုပါတယ်။ အရင်တုန်းကတော့ လေ့ကျင့်ခန်းလုပ်လေ့ရှိပြီး အခုနောက်ပိုင်းမှာတော့ ရုပ်ကျမှာဆိုးလို့ မလုပ်ဘဲ အစားကိုသာ ချင့်ချိန်ပြီးစားနေကြောင်းပြောခဲ့ပါတယ်။ ကဲ ပျိုပျိုတို့လဲ မို့မို့လိုလှချင်ရင် မို့မို့လိုလိုက်လုပ်ကြပေါ့နော်။

Source: Myanmarcelebrities

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။