ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုတွေ ဆိုးရွားလာခဲ့လို့ ဒေသခံတချို့ ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရ

//s9.kh1.co/e0/e032f5bd4570db5e18e075d6731f95d9dbfc327f.jpg
နေ့စဉ်သတင်းများ

 ၂၄-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ကယ်လီဖိုးနီးယားပြည်နယ်က Big Sur မြို့ရဲ့ Palo Colorado လမ်းအနီးမှာ သောကြာနေ့က တောမီးလောင်ကျွမ်းမှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုတွေဟာ အလျင်အမြန် ကူးစက်လာခဲ့တာကြောင့် အဓီကအဝေးပြေးလမ်းမကြီးတစ်ခုကို ယာယီပိတ်ထားခဲ့ရသလို အနီးအနားက ဒေသခံတချို့ကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။

Photo Credit - CBS News
Photo Credit - CBS News

စနေနေ့ညအထိ တောမီးလောင်ကျွမ်းမှုဟာ ဧက ၁၀၅၀ အထိ လောင်ကျွမ်းလာခဲ့ပြီ မီးသတ်သမားများ ငြိမ်းသတ်ထားနိုင်ခဲ့တာဟာ ၂၀ %လောက်ပဲ ရှိတယ်လို့ဆိုပါတယ်။ မီးလောင်မှုကြောင့် ကရမဲလ်-ပင်လယ်အပြင်ဘက်ရှိ အဝေးပြေးလမ်းမကြီး (1) ကိုလည်း အကန့်အသက်မရှိ ပိတ်ထားမှာဖြစ်ပါတယ်။ မိုးလေဝသအေဂျင်စီက ထုတ်ပြန်ချက်တွေမှာတော့ တောမီးလောင်ကျွမ်းမှုဟာ ကမ်းလွန်ပင်လယ်ပြင်မှာ လေပြင်းတိုက်ခတ်လာရာကနေ သစ်ရွက်ခြောက်တွေက အစပြုပြီး စ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

Photo Credit - CBS News
Photo Credit - CBS News

ပြီးခဲ့တဲ့ စနေနေ့နံနက်ပိုင်းကလည်း ကယ်လီဖိုးနီးယားမြောက်ပိုင်း တချို့နေရာမှာတော့ လေပြင်းတိုက်ခတ်မှုဟာ တစ်နာရီလျှင် မိုင် ၁၀၀ နီးပါးလောက် ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ထက်ဝက်ကျော်ဟာ ပြင်းထန်တဲ မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရပြီး မကြာခဏ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတာပါ။

သတင်း အရင်းအမြစ်Source - CBS News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T