ဒီဇင်ဘာ(၂၀)ရက်နေ့မှာ ကျရောက်တဲ့ ဒေါက်တာတေဇာဆန်းရဲ့ (၃၃)နှစ်ပြည့်မွေးနေ့

//s9.kh1.co/b9/b9cf10f18ae45962e90564bb1f3951364bcaca1c.jpg
နေ့စဉ်သတင်းများ

 ၂၀-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

တော်လှန်သော မွေးနေ့ပါ ဒေါက်တာတေဇာဆန်း

ဒေါက်တာတေဇာဆန်းဟာ ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်များမကြာမီတွင် အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ မန္တလေးမြို့မှ စတင်တဲ့ အဆိုပါ ပထမဆုံးဆန္ဒပြမှုပြီးနောက် စစ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးမှ ဆန့်ကျင်ဆန္ဒပြခြင်းများ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒေါက်တာတေဇာဆန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံတာဖြစ်ပြီး အခုလက်ရှိမှာတော့ နေအိမ်မှာမနေဘဲ လုံခြုံစိတ်ချရတဲ့နေရာမှာ ရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader
Photo Credit : Original Uploader

ဒေါက်တာ တေဇာဆန်းက မြန်မာအမျိုးသား ဆရာဝန်၊ နိုင်ငံရေးသမားနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒေါက်တာတေဇာဆန်းကို ၁၉၈၈ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ် ရွှေအိုးရကျေးရွာတွင် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ(၂၀)ရက် နေ့လေးကတော့ ဒေါက်တာတေဇာဆန်းရဲ့ (၃၃) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

Photo Credit : TayZar San’s FB Acc
Photo Credit : TayZar San’s FB Acc
Photo Credit : TayZar San’s FB Acc
Photo Credit : TayZar San’s FB Acc

ဒေါက်တာတေဇာဆန်းဟာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲရရှိခဲ့တာ ဖြစ်ပြီး ဘွဲရပြီးနောက် စာကြည့်တိုက်မှူးနှင့် NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲချုပ် မန္တလေးခရိုင်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံက ချီးမြင့်တဲ့ "ပတ်ဂျုံချော လူ့အခွင့်အရေးဆု" ကို ရရှိခဲ့ပါသေးတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : TayZar San’s FB Acc
Photo Credit : TayZar San’s FB Acc

ယနေ့ ကျရောက်တဲ့မွေးနေ့မှစပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာလည်း နိုင်ငံတာဝန်များကို ဆထက်တစ်ပိုး ထမ်းပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Source: TayZar San’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T