နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ဒီဇင်ဘာ (၂၀) တွင် ထပ်မံ အမိန့်ချမည်

//s9.kh1.co/4c/4cb0580e61936141362f7155e08c368707820b52.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

လာမယ့် ဒီဇင်ဘာ(၂၀)ရက်နေ့မှာ ကျန်ရှိနေသော ပုဒ်မ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဒီဇင်ဘာ (၆)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့ အား ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် (၂)နှစ်၊ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် (၂) နှစ် ၊ စုစုပေါင်း ထောင်ဒဏ် (၄) နှစ် စီချမှတ်ခဲ့ပြီးနောက် ယင်းနေ့ညဘက်မှာတင်ပဲ ထောင်ဒဏ်(၄)နှစ်မှ (၂)နှစ်သို့​ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး လက်ရှိ ချုပ်နှောင်ထားသည့် နေရာ၌ပင် ကျခံရမည်ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အခြားသောပုဒ်မများဖြင့်တရားစွဲဆိုမှုများရှိနေပါသေးတယ်။ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားခဲ့တဲ့ ပုဒ်မများထဲမှ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) တို့ဖြင့် တရားစွဲဆိုထားမှုအား လာမည့် ဒီဇင်ဘာ (၂၀) ရက်တွင် အမိန့်ချမှတ်တော့မည်ဖြစ်ကြောင်း သိရပါတယ်။ ၎င်းအမှုများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ (၆) ရက်တွင် နှစ်ဖက်အပြန်အလှန် အပြီးသတ် လျှောက်လဲခဲ့ကြပြီးနောက် အမိန့်ချရန် ဒီဇင်ဘာ (၂၀) သို့ ချိန်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

စစ်ကောင်စီမှ အာဏာထိန်းချုပ်ခဲ့တဲ့ (၂၀၂၁) ခုနှစ် ၊ ဖေဖော်ဝါရီ (၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုတဲ့ စကားပြောစက်များနှင့် Jammer (ဆက်သွယ်ရေးဖြတ်တောက်စက်) တစ်စုံ တွေ့ရှိခဲ့တယ်လို့ ဆိုကာ အဆိုပါ ပုဒ်မများဖြင့် စစ်ကောင်စီက တရားစွဲဆိုထားခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) ဟာ ထောင်ဒဏ် (၁) နှစ်ထိ ချမှတ်ခံရနိုင်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာတော့ ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T