အင်ဒိုနီးရှား Semeru မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၃၄) ဦးထိ ထပ်မံမြင့်တက်လာ

//s9.kh1.co/7c/7cfb919fd19ab84d3da2cfc1ffb3ea42080089bb.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeru မီးတောင်ဟာ ဒီဇင်ဘာ (၇) ရက်အထိ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေရာကနေ ယခုဆိုရင် သေဆုံးသူမှာ (၃၄) ဦးထိ မြင့်တက်လာပြီး အခြား ပျောက်ဆုံးသူ (၁၇) ဦး၊ ဒဏ်ရာရသူ (၅၆) ဦး ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo Credit -  Xinhua
Photo Credit -  Xinhua
Photo Credit -  Xinhua
Photo Credit -  Xinhua
Photo Credit - CGTN 
Photo Credit - CGTN 

ဒီလိုဆိုးရွားစွာ ပေါက်ကွဲခဲ့တဲ့ မီးတောင်တည်ရှိရာ Lumajang ခရိုင်ရှိ လူနေအိမ်ခြေ (၂,၉၇၀) အိမ်နှင့် စာသင်ကျောင်း (၃၈) ကျောင်း ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း (၃,၇၀၀) ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒါ့အပြင် တံတားတစ်စင်းလည်း မီးတောင်ပေါက်ကွဲရာမှ ထွက်လာတဲ့ ရွှံ့သဲမြေပူများ စီးဆင်းမှုကြောင့် ပျက်စီးခဲ့ပါတယ်။ လက်ရှိမှာတော့ သဘာဝဘေးအန္တရယ်သင့်ခဲ့တဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေပြီး စားစရာ၊ ရွက်ဖျင်၊ ခြုံစောင်နှင့် အခြား လူမှုအသုံးဆောင်ပစ္စည်းများကို လေယာဉ်ဖြင့် ပို့ဆောင်နေကြောင်း သိရပါတယ်။

Photo Credit - CGTN / Xinhua
Photo Credit - CGTN / Xinhua
Photo Credit - CGTN 
Photo Credit - CGTN 
Photo Credit - CGTN 
Photo Credit - CGTN 

အဆိုပါ ဒီဇင်ဘာ (၄) ရက်နေ့ ညနေပိုင်းကနေ စတင်ကာ ပြာမှုန့်နှင့်မီးခိုးများ မှုတ်ထုတ်ခဲ့ခြင်းဖြစ်ပြီး မီးတောင် သတိပေးအဆင့် (၄) ဆင့်အနက် ဒုတိယအဆင့်ဖြစ်ပြီး မီးတောင်အဝ အရှေ့တောင်အရပ် (၅) ကီလိုမီတာအတွင်းကို အန္တရာယ်များဒေသအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်​ပါတယ်။ Semeru မီးတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃,၆၇၆ မီတာရှိပြီး ဂျာဗားကျွန်းရဲ့ အမြင့်ဆုံးမီးတောင် နှင့် နာမည်ကျော်တောင်တက် ရှုမျှော်ခင်းနေရာဖြစ်သလို အင်ဒိုနီးရှားရှိ သက်ဝင်လှုပ်ရှားနေတဲ့ မီးတောင် (၁၃၀) ခန့်မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/19/19cee92c0126e3e61ed48830a73edd6377e5f9d9.jpg
https://s9.kh1.co/__image/w=600,h=338,q=100/d5/d5ba05dbcd8d9942838d5591cb49f657e91a0cf9.jpg

သတင်း အရင်းအမြစ်Source - CGTN / Xinhua

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T