အမေရိကန်အစိုးရ မှ ပေကျင်းအိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည် ဟု ကြေညာ

//s9.kh1.co/be/be95542f4cd40b004254f004c636321d6a99d02b.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အမေရိကန်အစိုးရက ဘာလို့ဒီလိုကြေငြာလိုက်တာလဲ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အမေရိကန်အစိုးရ အနေဖြင့် လာမယ့် (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပေကျင်းအိုလံပစ်ပြိုင်ပွဲ ကို သံတမန်နည်းအရ သပိတ်မှောက်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလာခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ တရုတ်အာဏာပိုင်များဟာ နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အမေရိကန်က ယူဆထားတဲ့အတွက်ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရှင်ကျန်းဒေသတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားနေဆဲ အခြေအနေတို့ကို ထောက်ရှုပြီး အမေရိကန် အစိုးရအနေဖြင့် အိုလံပစ်ပြိုင်ပွဲသို့ သံတမန်ရေးအရ သို့မဟုတ် အစိုးရကို ကိုယ်စား ပြုသည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမည် မဟုတ်ကြောင်း အိမ်ဖြူတော်သတင်း ပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ပြောကြားလာခဲ့ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံဘက်က အဆိုပါ အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန် အားကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားမည် မဟုတ်ဘူးလို့ သိရပါတယ်။ လတ်တလောတွင်လည်း တရုတ်အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းအလျဥ်း မရှိသေးဘူးလို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံရေးသမားများက ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံကြိုဆိုခဲ့ကြတာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိနေတာဖြစ်ပါတယ်။ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်တွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် သိသိသာသာ ယိုယွင်းလာခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သည့်အပြင် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများလည်း အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ သမ္မတဘိုင်ဒင် လက်ထက်မှာတော့ တရုတ်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလာခဲ့ပြီး တစ်ဖက်တွင်လည်း မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T