ဆက်သွယ်ရေးကုမ္ပဏီများမှ အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းဒေတာဈေးနှုန်းများကို ဒီဇင်ဘာ (၇)ရက်နေ့ နောက်ပိုင်းမှ စ၍ ဈေးတက်လာနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး စီးပွားရေးကျပ်တည်းခက်ခဲနေကြတဲ့ မြန်မာနိုင်ငံနေ ပြည်သူများမှာ ဒီသတင်းဟာ အမှန်တကယ်ဖြစ်လာမှာကို လွန်စွာစိုးရိမ်ခဲ့ကြပါတယ်။
ဒါပေမယ့် ထိုသတင်းများမှာ ကောလဟာလ တင်သာမကပဲ အမှန်တကယ်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့ မနက်မှစပြီး သက်သေပြခဲ့ပါပြီ။ အင်တာနက်အသုံးပြုနိုင်တဲ့ ဒေတာဈေးနှုန်းများဟာ ယနေ့ မနက်မှစတင်ကာ ပြောင်းလဲသွားပြီဖြစ်ပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အခုလို ဈေးနှုန်းပြောင်းလဲမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူများ အနေနဲ့လည်း လက်ရှိအကျပ်အတည်းများကြားက ကြိုးစားရုန်းကန်နေကြရင်း ဒေတာဈေးနှုန်းများ တိုးမြင့်သွားတဲ့အတွက် အင်မတန် အဆင်မပြေဖြစ်နေကြတာပဲဖြစ်ပါတယ်။ ယနေ့မနက်တွင် ပြောင်းလဲသွားတဲ့ဈေးနှုန်းများကို ပြည်သူများသိရှိရန် ဖော်ပြလိုက်ရပါတယ်။