မိသားစုတစ်စု တောင်ယာသွားလုပ်ပြီးအပြန် မြေမြုပ်မိုင်းနင်းမိခဲ့လို့ ရင်နင့်ကြေကွဲစရာဖြစ်ခဲ့ရတဲ့ မင်းတပ်မြို့ကဖြစ်ရပ်

//s9.kh1.co/cf/cf587bc6962461e8810bfc4d885917de9c0ec0c6.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မေလပိုင်း လောက်ကနေစတင်ပြီး ချင်းပြည်နယ်အတွင်းက မြို့နယ်အများအပြားမှာ ပြင်းထန်တဲ့ ထိတွေတိုက်ပွဲများ ဖြစ်ပွားမှုကတော့ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေတာ အားလုံးလည်း သိကြမှာပါ။ ယင်း တိုက်ပွဲတွေကြောင့်လည်း ဒေသခံပြည်သူတွေလည်း ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို လူနေအိမ့်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် အပြစ်မဲ့ ပြည်သူတချို့လည်း လက်နက်ကြီးထိမှန်ပြီး သေဆုံးတာတွေရှိခဲ့ပါတယ်။

Photo Credit - Chin World
Photo Credit - Chin World

ယခုလည်း ချင်းပြည်နယ် ၊ မင်းတပ်မြို့မှာ ရင်နင့်ကြေကွဲစရာဖြစ်ရပ်လေးကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီဖြစ်ရပ်ကတော့ မြေမြုပ်မိုင်းနင်းမိခဲ့လို့ မိခင်သေဆုံးခဲ့ပြီး သမီးဖြစ်သူမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာပါ။ ပျံ့နှံ့လာတဲ့ သတင်းများအရ မိသားစုတစ်စုဟာ ဒီဇင်ဘာလ (၅) ရက် ( တနင်္ဂနွေနေ့) မွန်းလွဲပိုင်းက မင်းတပ်မြို့မှာ တောင်ယာသွားလုပ်ပြီး နေအိမ်သို့ပြန်လာရင်း ၎င်းတို့အိမ်ရှေ့အရောက်မှာ အသက် (၂) နှစ်ခန့် သမီးဖြစ်သူက မြေမြုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Chin World
Photo Credit - Chin World

မိုင်းနင်းမိခဲ့တဲ့ သမီးလေးဟာ ညာခြေပြတ်ကာ၊ ဦးခေါင်းအား ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သမီးလေးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး အခင်းဖြစ်ပွားရာ အနီးရှိအမျိုးသမီးတစ်ဦးမှာလည်း မိုင်းကွဲမှုကြောင့် ဒဏ်ရာအနည်းငယ် ရခဲ့ရကြောင်း မင်းတပ်မြို့ဒေသခံများထံမှသိရပါတယ်။

သတင်း အရင်းအမြစ်Source - Chin World

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T