အလန်းစား ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပရိတ်သတ်တွေရင်ထဲ နေရာယူထားသူ အနုပညာရှင်တစ်ဦးကတော့ ပရိတ်သတ်တွေအားလုံးက ချစ်ခင်ကြတဲ့ မင်းသမီးချောသင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။သူဟာ ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်မှုကိုစတင်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာတော့ သူမဟာ ကျန်းမာရေးအလွန်လိုက်စားပြီး မိမိုက်လှပတဲ့ ခန္ဓာကိုယ်ကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အတော်လေးခံနေရသူတစ်ဦးဖြစ်ပါတယ်။ကျစ်လျစ်လှပတဲ့ သူမရဲ့ကောက်ကြောင်းအလှတရားကို ပရိတ်သတ်တွေအားလုံးက အားကျနေကြတာပဲဖြစ်ပါတယ်။
ဒီကနေ့ဟာတော့ လှပမိမိုက်ကျော့ရှင်းတဲ့ မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ (၃၄) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ပရိတ်သတ်တွေအနေနဲ့လည်း မွေးနေ့မတိုင်ခင် ယမန်နေ့ ဒီဇင်ဘာ(၃)ရက်နေ့မှာ သူမရဲ့ ချစ်သူက သူမကို surprise အနေနဲ့ မွေးနေ့ပွဲလေးတစ်ခုဖန်တီးပေးခဲ့တာဖြစ်ပြီး သူငယ်ချင်းတွေကလည်း မွေးနေ့လက်ဆောင်များပေးပို့ပေးခဲ့တာကြောင့် သူမအနေနဲ့ ပျော်ရွှင်နေခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေအနေနဲ့လည်း သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကို သိချင်နေကြတာဖြစ်ပြီး အရမ်းကို စိတ်ဝင်စားနေကြပါတယ်။မမသင်ဇာတစ်ယောက် အခုလိုပဲ အမြဲတမ်းပျော်ရွှင်လှပကျန်းမာပါစေလို့ဆုတောင်းလိုက်ရပါတယ်။