ကြက် ၆၃ ကောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်တင်ခံလိုက်ရတဲ့ အိန္ဒိယရိုးရာမင်္ဂလာဆောင်ပွဲ

//s9.kh1.co/f4/f4913667bda3779c50e5e0e1a7708ae8cb112d06.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တီးလုံးသံများ၊ မီးရှူးမီးပန်းများ၊ အကများနှင့် ချီတက်ခဲ့ကြတဲ့ အိန္ဒိယရိုးရာမင်္ဂလာပွဲဟာ ကြက်အကောင်ရေ ၆၃ ကောင် သေဆုံးမှုအတွက် အပြစ်တင်ခံခဲ့ရပါတယ်။ သန်းခေါင်ယံမတိုင်မီလေးတွင် အရှေ့ပိုင်း Odisha ပြည်နယ်ရှိ ကြက်မွေးမြူရေးခြံကို ဖြတ်သွားစဉ် ပါတီဟာ နားကွဲမတက် အသံများ ထွက်ပေါ်နေခဲ့တယ်လို့ Ranjit Kumar Parida က ပြောကြားခဲ့ပါတယ်။ ကြက်တွေငှက်တွေမှာ လူတွေလို အသံခံနိုင်ရည်စွမ်းမရှိတော့ ကြက်တွေလည်းကြောက်တာပေါ့။

https://s9.kh1.co/__image/w=650,h=366,q=100/3c/3ce7bf7c1c5e00d72f0525db57fb0f52fa76c480.jpg

"သီချင်းက အရမ်းဆူညံပြီး ကြက်တွေကို ကြောက်‌ေစခဲ့တာကြောင့် တီးဝိုင်းအော်ပရေတာတွေကို အသံလျှော့ခိုင်းခဲ့တယ်။ ဒါပေမယ့် သူတို့နားမထောင်တဲ့အပြင် သတို့သားရဲ့သူငယ်ချင်းတွေက ကျွန်တော့်ကို ပြန်အော်ပြောတယ် " လို့ Parida က အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ ကြက်တွေ နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်က ပါရီဒါကို ပြောပြခဲ့ပြီးနောက် မင်္ဂလာပွဲစီစဉ်သူတွေက လျော်ကြေးပေးဖို့ ငြင်းဆိုခဲ့တ‌ာကြောင့် ရဲကို တိုင်ကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a7/a7298836403f9a131701741fe2e33bcddee3cc70.jpg

တိရစ္ဆာန်အမူအကျင့်ဆိုင်ရာ စာအုပ်ကို ရေးသားခဲ့သူ သတ္တဗေဒပါမောက္ခ Suryakanta Mishra က ကျယ်လောင်သောဆူညံသံဟာ ငှက်များတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေကြောင်း Hindustan Times သို့ ပြောပြခဲ့ပါတယ်။ "ကြက်များကို နေ့ရောညပါ သဘာဝအလင်းရောင်/အမှောင်စက်ဝန်းမှ ထိန်းချုပ်ထားသော circadian စည်းချက်ဖြင့် ထိန်းသိမ်းမွေးမြူရပါတယ်။ ကျယ်လောင်တဲ့ တေးဂီတကြောင့် ရုတ်တရက် စိတ်လှုပ်ရှားမှု ဒါမှမဟုတ် စိတ်ဖိစီးမှုက သူတို့ရဲ့ ဇီဝနာရီကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်" လို့ Mishra မှ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=463,h=289,q=100/2b/2bc05b8189645e9b19d4034295d7493caeb89e32.jpeg

ရဲတွေက ဒီကိစ္စကို “အပြန်အလှန်ဖြေရှင်း” ဖို့ စည်းရုံးပြီးနောက် ဒီဇာတ်လမ်းမှာ ကြက်တွေ ကလွဲလို့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းဖြစ်ခဲ့ပါတယ်။ "(ကြက်မွေးမြူရေးသမား) က တိုင်ကြားချက်ကို ရုပ်သိမ်းလိုက်တဲ့အတွက် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘူး" လို့ ရဲအရာရှိ Droupadi Das က ပြောကြားခဲ့ပါတယ်။ ကြက်တွေငှက်တွေမွေးတဲ့အခါ တီးလုံးသံတွေ မဆူလောင် မကျယ်စေဖို့ အသိပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/22/228d25c4efc366f5ec2450fb4a1b9f15841a6f66.jpg

သတင်း အရင်းအမြစ်IOL

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T