နှစ်လကျော်ကြာပေါက်ကွဲခဲ့တဲ့ La Palma မီးတောင်ကြောင့် ပြာမှုန့်များ ဖုံးလွှမ်းသွားခဲ့တဲ့ La Laguna မြို့

//s9.kh1.co/a2/a260091a34cf5994b061acd2d9dc2916f1de3cab.jpg
နေ့စဉ်သတင်းများ

 ၀၃-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

နှစ်လကျော်ကြာပြီးနောက် စပိန်နိုင်ငံရှိ La Palma မီးတောင်ဟာ ပေါက်ကွဲနေဆဲဖြစ်ပါတယ်။ ချော်ရည်အသစ်များ စီးဆင်းမှုကြောင့် လွန်ခဲ့တဲ့ တစ်လကျော်ကဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတဲ့ La Laguna မြို့ကတော့ မြို့ပျက်ကြီးသဖွယ် ဖြစ်နေခဲ့ပါပြီ။ ကျွန်းပေါ်ရှိ နေအိမ်များနှင့် အဆောက်အအုံ ထောင်ပေါင်းများစွာလည်း ပျက်စီးခဲ့ပြီး လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

အဆိုပါ မီးတောင်ဟာ စက်တင်ဘာ (၁၉) ရက်က စတင်ပေါက်ကွဲခဲ့ပြီး နောက်ပိုင်း ယခုအချိန်ထိ ရပ်တန့်သွားခြင်းမရှိဘဲ ချော်ရည်များ ဆက်လက်ထွက်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ကလည်း အလားတူ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ယခုတစ်ခါပေါက်ကွဲမှုကတော့ အဆိုးအရွားဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

အပေါက် (၉) ပေါက်ကနေ ထွက်ရှိခဲ့တဲ့ ချော်ရည်ပူများဟာ (၁)နာရီလျှင် မီတာ (၂၀၀) အမြန်နှုန်းဖြင့် စီးကျလာပြီး ကျေးရွာ (၄)ရွာကိုဖြတ်ကာ ပင်လယ်ထဲကို စီးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ နီရဲတောက်နေတဲ့ ချော်ရည်များက ကျေးရွာများကို ဝါးမြိုထားတဲ့ မြင်ကွင်းကတော့ တကယ့်ကို တုန်လှုပ်စရာဖြစ်ရပါတယ်။ တချို့နေအိမ်တွေဆိုရင်တော့ ပြာမှုန့်များ ဖုံးလွှမ်းသွားခဲ့လို့ ပျောက်ကွယ်လုဆဲ ဖြစ်ပေါ်နေခဲ့ပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

သတင်း အရင်းအမြစ်Source - CGTN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T