Harry Potter ထဲက တကယ့်ဇာတ်ကောင်တွေကို မြုပ်နှံထားရာ သင်္ချိုင်းကုန်း

//s9.kh1.co/3d/3d5f81ba667d1ab75cdc7bcdc325ee97c187af62.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မြို့တစ်မြို့ကို သွားလည်လို့ ရောက်တဲ့အခါ မြို့ရဲ့ သင်္ချိုင်းကုန်းစီကို သွားဖို့ သင့်မှာ အစီအစဉ်မရှိလောက်ပါဘူး။ ဒါပေမယ့် Greyfriars Kirkyard သင်္ချိုင်းကုန်းကတော့ ချွင်းချက်ဖြစ်နေပါလိမ့်မယ်။ Edinburgh ရဲ့ Old Town အလယ်ဗဟိုတွင် တည်ရှိတဲ့ ဘုရားကျောင်း Greyfriars Kirk ကို 1620 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပြုပြင်ပြောင်းလဲပြီးနောက် စကော့တလန်တွင် ပထမဆုံး ဘုရားကျောင်းအဖြစ် တည်ထောင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/02/021848310a4472d6772e72234b13d9c768b8aeb3.jpg
https://s9.kh1.co/__image/w=615,h=461,q=100/34/3491bb4cd66eadb683b9af6fbaf9a7cab94bdd53.jpg

ဘုရားကျောင်းဝန်းရံထားတဲ့ သင်္ချိုင်းတွင်းမှာ မြှုပ်နှံမှုများဟာ ၁၆ ရာစုကတည်းက စတင်ခဲ့ပြီး ထင်ရှားကျော်ကြားသော Edinburgh နေထိုင်သူ အများအပြားရဲ့ နောက်ဆုံးအနားယူရာနေရာ ဖြစ်လာခဲ့ပါတယ်။ အကြီးကျယ် အလှဆင်ထားသော အုတ်ဂူများနှင့် သခင်များ၊ ပညာရှင် များနှင့် ဗိသုကာပညာရှင်များ အနားယူရာ ဂူဗိမာန်များစွာ ရှိပါတယ်။ သင်္ချိုင်းတွင်းရှိ ရေးထိုးထားတဲ့ နာမည်များကို J.K. Rowling ဟာ Harry Potter မှော်ဆရာကမ္ဘာတွင် အလားတူနာမည်တူဇာတ်ကောင်များကို ဖန်တီးရန် ယူသုံးခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=310,h=465,q=100/b9/b9c649aaa6304192ad0356bee1e89225c289a661.jpg
https://s9.kh1.co/__image/w=310,h=465,q=100/90/9061be6fb5fd742a7305e47cbd6231c01741c854.jpg

Hogwarts ဟာ George Heriot ရဲ့ကျောင်းကို အခြေခံထားပြီး အခြားသော Edinburgh ရဲ့ အထင်ကရနေရာဖြစ်တဲ့ Victoria Street ဟာ သူမအတွက် Diagon Alley ပြုလုပ်ဖို့ အကြံရခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ Rowling ဟာ " Harry Potter and the Philosopher's Stone " ကို " The Elephant House café " ဆိုတဲ့ဆိုင်လေးမှာ ထိုင်ရေးခဲ့တာဖြစ်ပါတယ်။ အဲ့ဆိုင်‌ေလးကတော Greyfriars Kirkyard ရဲ့ မျက်စောင်းထိုးနေရာမ‌ှာရှိပါတယ်။ " Edinburgh သာ ကျွန်မအတွက် အိမ်တစ်ခုလိုဖြစ်ခဲ့ပြီး Harry Potter ၀တ္ထု ၇ ခုကျော်ကိုလည်း ဒီဆိုင်လေးထဲမှာပဲ ရေးခဲ့တာပါ " ဆိုပြီး Harry Potter ရဲ့ ပဲ့ကိုင်ရှင် J.K. Rowling ကပြောပြခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=625,h=804,q=100/a7/a7963154eebbde3aae389d5e7b4fab3729d02af1.jpg
https://s9.kh1.co/__image/w=615,h=461,q=100/30/30ec4bdb3f6bfed5c05e4ae2bd531bcc3ce68917.jpg

သတင်း အရင်းအမြစ်The Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T