CDM ပြုလုပ်ပြီး လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ခဲ့တဲ့ MRTV အစီအစဥ်တင်ဆက်သူ ဦးကျော်သက်လင်း

//s9.kh1.co/57/57fd74e0d32ec0d57eeba8dd8fda7374c79ce5c6.jpeg
နေ့စဉ်သတင်းများ

 ၁၁-နို-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

MRTV က အစောဆုံး CDMလုပ်ခဲ့တဲ့ ဦးစီးအရာရှိ ဦးကျော်သက်လင်းဟာ ....

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ပြည်သူတွေက ကိုယ်ယုံကြည်ရာလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ဓမ္မဘက်က ရပ်တည်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကတော့ အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း CDM ပါဝင်ခဲ့တဲ့ MRTV အစီအစဥ်တင်ဆက်သူ ပြန်ကြားရေးဝန်ကြီးဌာန ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သက်လင်းဟာ တောခိုခဲ့ပြီး စစ်ပညာသင်ယူကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5c/5c65ce730aa82c145c3fe998f91ffc10e0252a73.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/6e/6e0c051888c1c103ef3ca5fcbee43e5d5f38bc6a.jpeg

မတရားမှုကို တော်လှန်ဖို့ စစ်ပညာသင်နေစဥ် ဦးကျော်သက်လင်းဟာ တောတွင်းမှာလည်း ငှက်ဖျားရောဂါ ခံစားခဲ့ရပါတယ်။ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ဖို့ တောတွင်းမှာ အပင်ပန်းဒုက္ခခံ ကြိုးပမ်းနေတဲ့ ဦးကျော်သက်လင်းက ကိုဗစ်၊ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါ ဝေဒနာတွေကနေ လွတ်မြောက်ပြီး ကျန်းမာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=770,q=100/f6/f69e943035463f4d2fe91808e689fff65d373848.jpeg
https://s9.kh1.co/__image/w=650,h=875,q=100/ef/ef3d377cbd0cd7d2becb65a2ded98937446ea799.jpeg

" တောထဲဝင် ယူနီဖောင်းလေးဝတ်​ သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင် အဆင်ပြေမလား....

ကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ...

ကျနော်လား...?

ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။ မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။

မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။စိတ်ပူနေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ်။” ဆိုပြီး သူရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=651,q=100/8f/8f73813b5b2abd08c8125643a9980544d9c2fe13.jpeg
https://s9.kh1.co/__image/w=650,h=1046,q=100/8b/8b9d41f625c10ceeb99d8ee0b3f1aa42f5f31ada.jpeg
https://s9.kh1.co/__image/w=650,h=971,q=100/c5/c52e72195b5244b663761fde84dbbb121ef701be.jpeg

Photo Credit & Source: U Kyaw Thet Linn’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T