အာဆီယံအစည်းအဝေးမှာ လက်ရှိမြန်မာအရေးနှင့်ပတ်သက်သည်များကို အရေးပေးပြောကြားလာခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်

//s9.kh1.co/3e/3e11a4c79e8443bef057213a857e2262d1f8aedc.jpg
နေ့စဉ်သတင်းများ

 ၂၇-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

မြန်မာပြည်သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီလား.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်ကာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှု လက်အောက်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ထိုအရေးကို ပြည်သူများက လက်မခံနိုင်ခဲ့တဲ့အတွက် ပြည်သူများရဲ့ စည်းလုံးစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် နိုင်ငံတကာကပါ သိရှိပြီး ကမ္ဘာ့ကုလသမဂ္ဂ လို အဖွဲ့အစည်းကပါ စိတ်ဝင်စားနေရတဲ့ အရေးတစ်ခုဖြစ်လာပါတယ်။

Photo Credit From Google
Photo Credit From Google

ယမန်နေ့ အောက်တိုဘာလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင်လည်း အာဆီယံအနေနဲ့ စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေခဲ့တဲ့ ခေါင်းဆောင်များကို အစည်းအဝေးကိုတက်ရောက်ခြင်းမှ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဒါ့အပြင် ထိုအစည်းအဝေးကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က တက်ရောက်လာခဲ့တာဖြစ်ပြီး အစည်းအဝေး မစခင်မှာ အရပ်သားအစိုးရဖြစ်တဲ့ မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ နှင့် အမေရိကန်အမျိုးသားလုံခြုံရေးပြောခွင့်ရပုဂ္ဂိုလ် တို့ဟာ ကနဦး ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

Photo Credit From Google
Photo Credit From Google

သမ္မတကြီးက အာဆီယံနှင့်မိမိတို့၏ မိတ်ဖက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးအတွက် ထားရှိသောအမေရိကန်၏ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံ၏အမြင်ကိုလည်းချီးကျူးပြောဆိုခဲ့ပါသည်။ သမ္မတကြီးက မြန်မာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြောကြားခဲ့ပြီး အကြမ်းဖက်နေမှုချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့်မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရန် နိုင်ငံ၏စစ်အာဏာရှင်ကိုတောင်းဆိုခဲ့တယ် လို့လည်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ထို့ပြင် အာဆီယံအနေဖြင့် သဘောတူညီထားသော ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန်လည်း အမေရိကန်သမ္မတက ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit From U.S. Embassy Rangoon
Photo Credit From U.S. Embassy Rangoon
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T