သေဆုံးခဲ့ခြင်း (၁၁)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ တစ်ချိန်က ကမ္ဘာဖလားဘောလုံးပွဲစဉ်တွေနဲ့ပတ်သက်ပြီး အထူးနာမည်ကြီးကျော်ကြားခဲ့တဲ့ ရေဘဝဲလေး ပေါလ်

//s9.kh1.co/df/df18c8f7f7cfbee7773d19115160c9e26d1d4c4b.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

တစ်ချိန်က သူလည်း ဆရာတစ်ဆူပါပဲ…. (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အရင်တုန်းက ကမ္ဘာ့ဖလားဘောလုံးပွဲတွေကြည့်ကြတဲ့အခါ ဘယ်အသင်းနိုင်မနိုင်ခန့်မှန်းပေးခဲ့တဲ့ ရေဘဝဲလေးကို မှတ်မိကြမယ်ထင်ပါတယ်။သူ့ရဲ့ နာမည်ကိုတော့ ပေါလ် လို့ ပေးထားတာဖြစ်ပြီး သူဟာ ဂျာမနီ မှာ မွေးဖွားလာတာပဲဖြစ်ပါတယ်။

သူဟာ သာမန် ရေဘဝဲတစ်ကောင်မဟုတ်ပဲ ကမ္ဘာ့ဖလားဘောလုံးပွဲတွေနဲ့ပတ်သက်လို့ ခန့်မှန်းပေးခဲ့ရာမှ အထူးနာမည်ကြီးခဲ့တာဖြစ်ပါတယ်။သူဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးသော ခန့်မှန်းမှု တွေကို ပြုလုပ်ပေးခဲ့ပြီး (၂၀၁၀) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲမှာ စပိန်အသင်းဗိုလ်စွဲမည်ဟု ခန့်မှန်ပေးခဲ့ပါတယ်။ဒါ့အပြင် သူဟာ ဗိုလ်လုပွဲအထိ ပွဲစဉ် (၈) ပွဲ ကိုခန့်မှန်းပေးခဲ့ပြီး ပွဲစဉ်အားလုံး မှန်ကန်အောင် ခန့်မှန်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီမှာ မွေးတဲ့ ပေါ်လ်ဟာ ဂျာမနီ ရဲ့ပွဲစဉ် (၇) ပွဲ နဲ့ ဗိုလ်လုပွဲ ဖြစ်တဲ့ စပိန် နဲ့ နယ်သာလန် ပွဲစဉ်ခန့်မှန်း အပြီး အသက် (၂) နှစ် (၉) လအကြာ၊  (၂၀၁၀) ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ မှာ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ရေဘဝဲ ပေါလ် ရဲ့ ခန့်မှန်းမှု တွေက ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စရာ ကောင်းခဲ့တဲ့အပြင် တကယ်ကို အမှတ်ရနေစေမယ့် တိရစ္ဆာန်လေးဖြစ်ပါတယ်။

Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T