ဟင်းသီးဟင်းရွက်ခူးနေရင်း စပါးအုံးမြွေကြီး မြိုတာခံလိုက်ရတဲ့ အမျိုးသမီး

//s9.kh1.co/7c/7c55dba5c4fe58fdf2c69375dc87e6431f7c26ac.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-အောက်-၂၀၂၁ ၇pm · လွန်ခဲ့သော ၂ နှစ် က

.

ဟင်းသီးဟင်းရွက်ခူးနေရင်း စပါးအုံးမြွေကြီးတစ်ကောင် မြိုတာခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီအမျိုးသမီးရဲ့ နာမည်ကတော့ Wa Tiba ဖြစ်ပြီး သူဟာ အင်ဒိုနီးရှားနိုင်ငံ Muna Island မှာနေထိုင်သူတစ်ဦးပဲဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်တော့ မြွေမြိုမခံရခင်မှာ 54 နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=590,h=350,q=100/0b/0b68b37a2c4747b83272809179ce270cb7f2f45b.jpg
https://s9.kh1.co/__image/w=303,h=166,q=100/59/59468db857eefe2dadb8d86b5450a0fff65a8a9f.jpeg

Tiba ဟာ ဟင်းရွက်ခူးနေစဉ်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ ရွာသားတွေက နှစ်ရက်လောက်အပြင်းအထန်ရှာဖွေခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ရွာသားတွေဟာ သူမရဲ့ ဥယာဉ်အနားမှာ Tiba ရဲ့အသုံးဆောင်ပစ္စည်းအချို့နဲ့အတူ 23 ပေရှည်တဲ့ စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။ မြွေကြီးရဲ့ ဗိုက်ဟာ ဖောင်းကားပြီး တခုခုကို မြိုထားသလိုဖြစ်တာကြောင့် ရွာသားတွေဟာ မြွေကြီးကိုသတ်ပြီး ဗိုက်ကိုခွဲလိုက်တဲ့အခါမှာတော့ စိတ်မကောင်းစွာနဲ့ပဲ Tiba ရဲ့အလောင်းကိုတွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=480,h=360,q=100/50/50839a15f8fa2ea68300d037731e7cecf0b27883.jpg
https://s9.kh1.co/__image/w=650,h=415,q=100/80/80a1d5f4bf7f126e8db05945be7fbd28cdf59f73.jpg

Tiba ကိုတော့ မြွေကြီးရဲ့ ဗိုက်ထဲမှာ သူမ မပျောက်ဆုံးခင်က ဝတ်ထားတဲ့အဝတ်အစားအတိုင်းတွေ့ခဲ့ရပြီး မျက်နှာကတော့ နည်းနည်းပုံပျက်နေပြီပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာတော့ ဒီလိုဖြစ်ရပ်မျိုးတွေ ခဏခဏဖြစ်ပေါ်လေ့ရှိပြီး အန္တရာယ်များတဲ့နေရာတွေသွားတဲ့အခါ ဒီလိုအဖြစ်ဆိုးမျိုးတွေကနေ ရှောင်ရှားနိုင်စေဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=391,q=100/e6/e6d76b32f21d796a3864efc1cc39a35a5294a6d2.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T